Logo

Phone

(+95 9) 404253660

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီလအတွင်း လွှမ်းမိုးမှုအရှိဆုံးသတင်းမှာ ကချင်ပြည်နယ်မှ တိုက်ပွဲ များနှင့် တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် သက်ရောက်မှုခံခဲ့ရသည့် စစ်ဘေးရှောင်ဒုက္ခသည်များကိစ္စ ဖြစ်ပါသည်။ နေပြည်တော်၌ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အလွတ် သဘော တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့က အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့မှုသည် မေလအတွင်း ကျင်းပရန်လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ကို ထပ်မံအတည်ပြုခဲ့ခြင်းနှင့်အတူ ထူးခြားသောတွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့ပါသည်။ ထို့ပြင် KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးမှုသည်လည်း တိုးတက်မှုတစ်ခုအဖြစ် မြင်တွေ့ခဲ့ရပါသည်။ မြန်မာပြည်တောင်ပိုင်း ၏ ငြိမ်းချမ်းရေးအခြေအနေမှာ တိုးတက်မှုများရှိလာသည့် အနေအထား ဖြစ်လာပါသည်။ ဧပြီလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေသည် ၇၁ ကြိမ် အထိဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပထမလေးလတာ ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးလ ဖြစ်ခဲ့သည်။

Download