Logo

Phone

(+95 9) 404253660

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလသည် မြန်မာနိုင်ငံတွင် (၇၁) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျင်းပသည့်လဖြစ်သော်လည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလမှစတင်၍ မြန်မာနိုင်ငံမြောက်ဘက်ခြမ်း၌ တစ်ကျော့ပြန်ဖြစ်လာသောစစ်ရေးပဋိပက္ခသည် အရှိန်မသေနိုင်သေးဘဲ ဖေဖော်ဝါရီလကုန်ထိတိုင်အောင်ပင် ဖြစ်ပွားနေခဲ့ပါသည်။ ထို့ပြင်၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပရန်လျာထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မကျင်းပနိုင်သဖြင့် ကျင်းပမည့်ရက် ပြန်လည်သတ်မှတ်နိုင်ရေးအတွက် အပူတပြင်း ကြိုးပမ်းခဲ့ရသော ကာလများဖြစ်ခဲ့သည်။

ဖေဖော်ဝါရီလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးသော ဖြစ်ရပ်နှစ်ခုရှိခဲ့သည်။ တစ်ခုမှာ NCAရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် အဖွဲ့ ၂ ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၈ ခုနှစ်၊ မေလအတွင်းကျင်းပရန် သတ်မှတ်နိုင်ခဲ့ခြင်းတို့ဖြစ်သည်။ ယင်းအဖြစ်အပျက်တို့သည်ပင် မြန်မာ့အနာဂတ်တွင် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကို ပူးပေါင်း
တည်ဆောက်ကြမည့် ခြေလှမ်းသစ်တစ်ခု ဖြစ်လာခဲ့သည်။

Download