Logo

Phone

(+95 9) 404253660

ပီးခဲ့သော ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ဖြစ်ပေါ်ပြောင်းလဲမှုများမှာ အကောင်းဘက်ကို ဦးတည်သည့် အရေးကြီးအဖြစ်အပျက်များ ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်၊ မတ်လတွင်မူ ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာထိခိုက်စေသော အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့သည်။ တပ်မတော်နှင့် KNU တို့၏ တိုက်ပွဲသတင်းများ၊ TNLA နှင့် RCSS/SSA တို့ကြား အကြိမ်ရေများစွာဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ ပူပူနွေးနွေး NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP) ၏ အကြိုနိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းထားရသည့် ကိစ္စ၊ FPNCC က တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားထုတ်ပြန်ရာတွင် နိုင်ငံရေးနှင့် စစ်ရေးပြဿနာကို ဦးဆောင်ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်ခဲ့သည့်ကိစ္စ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန် တရားဝင်ဖိတ်ကြားစာရရှိလျှင် ညီလာခံတက်ရောက်မည့်
သတင်း စသည့်ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။

Download