Logo

Phone

(+95 9) 404253660

Analysis on Peace Process

မိမိတို့၏ ဝေဖန်သုံးသပ်ချက်နှင့်ပတ်သက်၍ အမြင်တူခြင်း၊ မတူခြင်းများလည်း
ရှိပါလိမ့်မည်။ ထိုသို့ရှိခဲ့လျှင်လည်း မိမိတို့ထက် ဂုဏ်အားဖြင့်ကြီးသော၊ အတွေ့အကြုံအား
ဖြင့်ကြွယ်ဝသော ခေါင်းဆောင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ နားလည်ပေးနိုင်
လိမ့်မည်ဟု မျှော်လင့်ပါကြောင်း …..

BAYDA Institute
ဗေဒါအင်စတီကျု

 

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်
က စတင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ သက်တမ်းသည် ၇ နှစ်
အတွင်းသို့ ၀င်ရောက်လာခဲ့ပြီဖြစ်ပါသည်။ အဆိုပါ ၇ နှစ်အတွင်း တိုးတက်မှုများ ရှိသင့်
သလောက်ရှိခဲ့သည့်တိုင် စိန်ခေါ်မှုများလည်း ကြုံခဲ့ရသည်။ စစ်ရေးပဋိပက္ခတိုက်ပွဲများ
သည်လည်း လျော့ကျခဲ့သည့် ကာလများရှိသလို ပြန်လည်ပြင်းထန်လာခဲ့သည့် အချိန်အခါ
များလည်း ရှိခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်၏ တိုးတက်မှုများအနက် သိသာထင်ရှားမှုအရှိဆုံးမှာ တစ်နိုင်ငံ
လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement – NCA) ကို
အပြီးသတ်နိုင်ခဲ့ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့နှင့် အစိုးရ၊
တပ်မတော်တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပါအ၀င်
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်းနှင့် ထိုမှတစ်ဆင့် ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း (၁) အဖြစ် သဘောတူညီချက် (၃၇) ချက်ကို သဘောတူစာချုပ် ချူပ်ဆိုနိုင်
ခဲ့ခြင်းတို့ ဖြစ်ပါသည်။………………………….

See More or Download Here