Logo

Phone

(+95 9) 404253660

မြန်မာနိုင်ငံ၂၀၂၀အထွေထွေရွေးကောက်ပွဲ၊ရွေးကောက်ပွဲကြိုတင်ခန့်မှန်းချက်၊NLDအစီုးရဖွဲ့နိုင်မှုအလားအလာ။

Download PDF

ဗေဒါအင်စတီကျုသည် စတင်တည်ထောင်ကာစ ၂၀၁၀ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဗေဒါအင်စတီကျုသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ ပြည်တွင်းပြည်ပ NGOများ ၊နိုင်ငံရေးပါတီများ နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဗေဒါအင်စတီကျုသည် မြန်မာနိုင်ငံ အနှံ့အပြား၌ အလုပ်ရုံဆွေးနွေးပွဲများ ၊ဖိုရမ်များ ၊ သင်တန်းများစွာကို ပြုလုပ်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်လည်း အဓိကပါ၀င် အကြံပြုအထောက်အကူပြု သည့်အဖွဲ့အစည်းအဖြစ်လည်းဆောင်ရွက်ခဲ့ပါသည်။

ဗေဒါအင်စတီကျုသည် ရွေးကောက်ပွဲ ၊ တိုင်းရင်းသား လူနည်းစုများ ၏ ဖက်ဒရယ်အရေး၊ငြိမ်းချမ်းရေး ဖြစ်စဉ် စသည့်အရေးကိစ္စများနှင့်ပက်သက်၍လည်းသုတေသနများပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ဗေဒါအင်စတီကျုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများတွင်လည်း အခြားအဖွဲ့များနှင့်ပူးပေါင်း၍တက်ကြွစွာပါ၀င်ခဲ့ပါသည်။

ဗေဒါအင်စတီကျု၏ အဓိက လုပ်ဆောင်သောနေရာများမှာ ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ၊ရွေးကောက်ပွဲ ဆိုင်ရာ ကိစရပ်များ ဖြစ်ပါသည်။ NLD နှင့် ကာလ ကြာမြင့်စွာ ပူးတွဲ လုပ်ဆောင်ခဲ့သောကြောင့် NLD၏အားနည်းချက်အားသာချက်များကိုသိရှိခဲ့ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏နိုင်ငံရေး အခြေအနေနှင့် ပက်သက်၍ နက်ရှိုင်းသည့် အသိ အမြင်များလည်း ရှိပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများ နှင့် ပက်သက်၍ အသေးစိတ် လေ့လာတွေ့ရှိထားသော အချက်များ သတင်းများလည်း ရှိပါသည်။မြို့နယ်အဆင့်မှစ၍ ပြည်ထောင်စု အဆင့်အထိ မြန်မာနိုင်ငံနှင့်ပက်သက်၍ သတင်းအချက်အလက်များ၊တွေ့ရှိချက်များလည်းရှိပါသည်။

အဆိုပါ ဗေဒါအင်စတီကျု သိရှိထားသည့် ကျယ်ပြန့်သော သတင်းအချက်အလက်များကို အခြေခံ၍ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်များနှင့်ပက်သက်၍ သုတေသနပြုလုပ်ခဲ့ပါသည်။ထိုသို့ပြုလုပ်ပြီး “ မြန်မာနိုင်ငဲ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ခန့်မှန်းချက်၊ NLD အစီုးရဖွဲ့နိုင်မှုအလားအလာ” ဆိုသည့် သုံးသပ်ချက် သုတေသန စာတမ်းကိုပြုစုခဲ့ပါသည်။ဤစာတမ်းကိုဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံနှင့်ပက်သက်သည့် အထူးသဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်သည့် နိုင်ငံရေး အခြေအနေကို ပိုမိုနားလည်လာမည်ဟု မျှော်လင့်ပါသည်။ယခုစာတမ်းပြုလုပ်ရခြင်း အဓိက ရည်ရွယ်ချက်မှာ ၂၀၂၀ နို၀င်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလာဒ်များနှင့် ယခုသုံးသပ်ချက်များကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံ ၏ နိုင်ငံရေး အခြေအနေ ရွေးကောက်ပွဲအခြေအနေများကိုပိုမိုနားလည်နိုင်မည်ဖြစ်ပါသည်။

ဗေဒါအင်စတီကျုမှနေ၍ပျော်ရွှင်စရာသီတင်းကျွတ်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါသည်။

ဦးမျိုးရန်နောင်သိန်း
အမှုဆောင်ဒါရိုက်တာ
ဗေဒါအင်စတီကျု

၂၀၂၀ခုနှစ်၊နို၀င်ဘာလ၊၁ရက်
၁၃၈၂၊သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့

 

မြန်မာနိုင်ငံ၂၀၂၀အထွေထွေရွေးကောက်ပွဲ၊ရွေးကောက်ပွဲကြိုတင်ခန့်မှန်းချက်၊NLDအစီုးရဖွဲ့နိုင်မှုအလားအလာ။

NLDအစီုးရဖွဲ့နိုင်မှုနှင့်၂၀၂၀ရွေးကောက်ပွဲ။

လာမည့်နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် NLD အနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများကိုအဆိုးဆုံးထား၍ .၊အဆိုးဆုံးအခြေအနေတွင်NLDအောင်နိုင်ခြေကိုအောက်ပါအတိုင်းရရှိပါသည်။

၁။ တိုင်းဒေသကြီးများအားလုံးနှင့်နေပြည်တော် စုစုပေါင်းပြည်ထောင်စုလွှတ်တော် ၂၉၁ နေရာအနက် အဆိုးဆုံးပခြေအနေတွင်NLD၂၇၄နေရာရှိပါမည်။

၂။ ကချင်ပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၃၀ နေရာတွင်NLD ၂၁ နေရာရရှိပါမည်။

၃။ကယားပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၁၉ နေရာတွင်NLD ၁၂ နေရာရရှိပါမည်။

၄။ ကရင် ပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၁၉ နေရာတွင်NLD ၁၇ နေရာရရှိပါမည်။

၅။ ချင်းပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၂၁ နေရာတွင်NLD ၁၅ နေရာရရှိပါမည်။

၆။ မွန်ပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၂၂ နေရာတွင်NLD ၁၈ နေရာရရှိပါမည်။

၇။ ရခိုင်ပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော်၂၉ နေရာတွင်NLD ၆ နေရာရရှိပါမည်။

၈။ ရှမ်းပြည်နယ်တွင် NLD အတွက်အဆိုးဆုံးအခြေအနေ၌ ပြည်ထောင်စုလွှတ်တော် ၆၇ နေရာတွင်NLD ၁၄နေရာရရှိပါမည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံငံလုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်နေရာ၄၉၈ နေရာအနက် NLD ပါတီသည် အဆိုးဝါးဆုံးအခြေအနေထဲတွင် ၃၇၇ နေရာရရှိမည်ဖြစ်ပါသည်။

၁၇-၁၀-၂၀၂၀ ရက်နေ့ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ၉ မြို့နယ် ၊ ရှမ်းပြည်တွင် ၆ မြို့နယ်ရွေးကောက်ပွဲမကျင်းပနိုင်တော့သဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ၃၃၀နေရာအနက် ၁၅ နေရာလျော့နည်းသွားပါမည်။အမျိုးသားလွှတ်တော်ရွေးကောက်ခံ၁၆၈နေရာအနက်၇နေရာလျော့နည်းသွားပါမည်။

ထို့ကြောင့်လာမည့်လွှတ်တော်မှာပြည်သူလွှတ်တော်စုစုပေါင်း၃၁၅+၁၁၀=၄၂၅နေရာရှိပြီး၊အမျိုးသားလွှတ်တော်မှာ ၁၆၁+ ၅၆ = ၂၁၇ နေရာရှိပါမည်။ ဒါကြောင့်ပြည်ထောင်စုလွှတ်တော်မှာ ၆၄၂ နေရာရှိပါမည်။ ထို့ကြောင့် ပါတီတစ်ခုသည်ပြည်ထောင်စုလွှတ်တော်နေရာ၃၂၂နေရာရရှိလျှင်အစီုးရဖွဲ့နိုင်ပါမည်။

NLDပါတီသည်အဆိုးဆုံးအခြေအနေကိုစဉ်းစားလျှင်ပင်ပြည်ထောင်စုလွှတ်တာ်တွင်၃၇၇နေရာရရှိနိုင်မည် ဖြစ်သညိ့ အတွက် အစီုးရဖွဲ့ရန်လိုအပ်သည် ၃၂၂ နေရာထက်ပင် ၅၅ နေရာပို နေသည် ကို တွေ့ ရမည်ဖြစ်ပါသည်။

အဆိုးဆုံးအခြေအနေကိုတွက်ထားသည်ကိုပင်ပြည်ထောင်စုလွှတ်တော်၅၅နေရာအပိုရှိနေခြင်းက၊အဆိုးဆုံးထက်ပိုဆိုးသောအခြေအနေဖြစ်ခဲ့လျှင်ပင်NLDအေးအေးဆေးဆေးအစီုးရဖွဲ့နိုင်မည်ဖြစ်ပါသည်။

NLDအတွက်အဆုံးအခြေအနေကိုထည့်တွက်ထားလျှင်ပင်NLDပါတီသည်အစီုးရဖွဲ့နိုင်ရုံမျှမက၅၅နေရာပင်ပိုနေပါဦးမည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်ထောင်စုလွှတ်တော် နေရာ ၃၉၀ နိုင်ခဲ့ပါသည်။ ၃၉၀ အတိုင်းပင်ပြန်ဖြစ်လျှင်၆၈နေရာပိုနေမည်ဖြစ်ပါသည်။

ယခု ၃၇၇ နေရာဆိုသည်မှာ အခြေအနေဆိုးကိုတွက်ထားသောကြောင့်ရလာသည့် ရလဒ်ဖြစ်ပါသည်။ NLD ပါတီသည်၂၀၁၅ထက်အခြေအနေပိုကောင်းပါကနေရာ၄၀၀အထက်ရရှိမည်ဖြစ်ပါသည်။

တိုင်းဒေသကြီးများနှင့်၂၀၂၀ရွေးကောက်ပွဲ။

စစ်ကိုင်းတိုင်းဒေသကြီး။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် ၃၇နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း ၄၉ နေရာရှိပါတယ်။၂၀၁၅ရွေးကောက်ပွဲမှာမင်းကင်းပြည်သူ့လွှတ်တော်နေရာရှုံးခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မင်းကင်းက NLD ပြန်လည်အနိုင်ရရှိဖို့အခြေအနေကောင်းပါတယ်။၂၀၁၅ မှာနိုင်ခဲ့တဲ့ ခန္တီးခရိုင် ၃ နေရာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၄ နေရာ စုစုပေါင်း ၇ နေရာအတွက်စီုးရိမ်ပါတယ်။ နိုင်ရနိရှုံးရန် ၆၅/၃၅ တွက်ထားလို့ရပါတယ်။လောလောဆယ် မင်းကင်းကိုလည်းနိုင်ရန်ရှုံးရန် ၇၀/၃၀ တွက်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဟာတိုင်းလုံးကျွတ်အောင်နိုင်ခြေရှိပါတယ်၊ အဆိုးဆုံးအခြေအနေမှာ ၄၉ နေရာအနက် ၄၅ နေရာအနိုင်ရရှိမှာပါ။

မန္တလေးတိုင်းဒေသကြီး။

မန္တလေးတိုက်းဒေသကြီးကNLDအတွက်စိန်ခေါ်မှုကြီးပါတယ်။မိတ္ထိလာဒေသရှိနေပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ၊ စုစုပေါင်း ၄၀ နေရာရှိပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာမိထ္တိလာ၊သာစည်၊ပျော်ဖွယ်၊ရမည်းသင်းမြို့နယ် ၄ မြို့နယ်မှာ NLD ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါ ၄မြို့နယ်မှလွဲ၍ကျန်မြို့နယ်များတွင်NLDအလွန်အားကောင်းပါသည်။

၂၀၂၀ရွေးကောက်ပွဲအတွက်ပျော်ဖွယ်၊ရမည်းသင်းကအခြေအနေကောင်းသော်လည်းအောင်နိုင်ခြေကိုစဉ်းစားတဲ့အခါချန်ထားခံ့ပါမယ်။

မန္တလေးတိုင်းဒေသကြီးအောင်နိုင်ခြေမှာ၂၀၁၅ထက်ပိုမိုသာလွန်မှာဖြစ်ပါတယ်၊အဆိုးဆုံးအခြေအနေမှာစုစုပေါင်းနေရာ၄၀အနက်အနည်းဆုံး၃၆နေရာအောင်နိုင်ခြေရှိပါတယ်။

နေပြည်တော်။

နေပြည်တော် ၈ မြို့နယ်မှာ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး မြို့နယ် ၃ မြို့နယ်မှာသေချာပေါက်အနိုင်ရမှာပါ။

၂၀၁၅ရွေးကောက်ပွဲမှာ
၁။ဇေယျာသီရိမှာရှုံးနိမ့်ခဲ့ပါတယ်။ ။
၂။ပုဗ္ဗသီရိမြိ့နယ်မှာNLDအောင်နိုင်ခဲ့ပေမယ့် ပြည်ခိုင်ဖြိုးနဲ့ အကြိတ်အနယ်ဖြစ်ခဲ့တာပါ၊ ၁၇၅မဲနှင့်ကပ်နိုင်ခဲ့တာပါ။
၃။ဇဗ္ဗူသီရိ၊ဒက္ခိဏသီရိ၊ ဥတ္တရသီရိတို့မှာ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုင်းအတာတစ်ခုထိမဲပြတ်နိုင်ခဲ့ပါတယ်။ ဒက္ခိဏသီရိနှင့်ဇဗ္ဗူသီရိမှာမှာ၂၀၁၅တုန်းကNLD ကောင်းမွန်စွာနိုင်ခဲ့သော်လည်းအခုပြိုင်ဆိုင်မှုအလွန်ပြင်းထန်နေပါတယ်။
၄။ဥတ္တရသီရိ၊ဇဗ္ဗူသီရိ၊ဒက္ခိဏသီရိမြို့နယ်တွေမှာNLDကပြည်ခိုင်ဖြိုးထက်ပိုအားကောင်းပါတယ်။
၅။ဥတ္တရသီရိမှာNLDသေချာပေါက်အောင်နိုင်ပါမယ်။

၂၀၂၀အတွက်စဉ်းစားတဲ့အခါအဆီုးဆုံးအခြေအနေဖြစ်လာခဲ့လျှင်နေပြည်တော်၈မြို့နယ်မှာ၄မြို့နယ်သေချာပေါက်အနိုင်ကိုပဲထည့်သွင်းစဉ်းစားပါမယ် ။

နေပြည်တော်ပြည်သူလွှတ်တော် ၈ နေရာအနက် ၇ နေရာအောင်နိုင်ခြေရှိပါတယ်။ အဆိုးဆုံးအခြေအနေမှာ ၄ နေရာအနိုင်ရဖို့သေချာပါတယ်။

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး ကတော့ အစဉ်အဆက် NLD တိုင်းလုံးကျွတ် ၁၀၀ ရာခိုင်နှုန်းအောင်နိုင်ခဲ့တဲ့နေရာပါ။ ၂၀၂၀ ရွေးကာက်ပွဲတွင်လည်း၁၀၀ရာခိုင်နှုနိးအနိုင်ရရှိမှာပါ။

မကွေးတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်အတွက် ၂၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ စုစုပေါင်းနေရာ၃၇နေရာရှိပါတယ်။၃၇နေရာလုံးNLDအနိုင်ရရှိမှာပါ။

ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုက်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ၊ စုစုပေါင်း နေရာ ၄၀ ရှိပါတယ်။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းမှာ ၂၀၁၅ရွေးကောက်ပွဲမှာ ဇီးကုန်းမြို့နယ်ကိုရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ အတွက်ဇီးကုန်းမြို့နယ်မှာNLDအနိုင်ရရှိဖို့မျော်လင့်ရသော်လည်းစီုးရိမ်ရတဲ့အခြေအနေရှိပါသေးတယ်။

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းမှာကျောက်ကြီးမြို့နယ်ကဒေသလုံခြုံရေးနှင့်တပ်မတော်ဆန္ဒမဲတွေကြောင့်စီုးရိမ်ရပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ ၂၀၁၅ မှာ ပြည်ထောင်စုလွှတ်တော် နေရာ၄၀ အနက် ၃၉ နေရာအောင်နိုင်ခဲ့ပြီး ၊ ၂၀၂၀ အတွက်အဆုံးဝါးဆုံးအခြေအနေမှာနေရာ၄၀ထဲက၃၈နေရာအနိုင်ရရှိမှာပါ။

ရန်ကုန်တိုင်းဒေသကြီး။

ရန်ကုန်တိုင်းဒေသကြီးမှာကိုးကိုးကျွန်းမြို့နယ်သာမရှိခဲ့လျှင်တိုင်းဒေသကြီးလုံးကျွတ်နိုင်မှာပါ။

ရနိကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွတ်တော် ၄၅နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာ ၊ စုစုပေါင်းနေရာ ၅၇ နေရာရှိပါတယ်။ ကိုးကိုးကျွန်းပြည်သူ့လွှတ်တော်နေရာမှလွဲ၍ကျန်တဲ့၅၆နေရာလုံးNLDအနိုင်ရရှိမှာပါ။

တနင်္သာရီတိုင်းဒေသကြီး။

တင်္နသာရီတိုင်းဒေသကြီးလည်းမကွေးတိုင်းဒေသကြီးလိုပါပဲ၊၂၀၁၅မှာတိုင်ူဒေသကြီးလုံးကျွတ်၁၀၀ရာခိုင်နှုန်းအနိုင်ရရှိခဲ့ပါတယ်။၂၀၂၀မှာလည်း၁၀၀ရာခိုင်နှုန်းဆက်နိုင်ပါဦးမယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် ၁၀ နေရာရှိပြီး၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း ၂၂ နေရာရှိပါတယ်။၂၂နေရာလုံးNLDအနိုင်ရရှိမှာပါ။

ဧရာဝတီတိုင်းဒေသကြီး။

ဧရာဝတီတိုင်းဒေသကြီးမှာမြို့နယ်၂၆မြို့နယ်ရှိပါတယ်။ပြည်သူ့လွှတ်တေော် ၂၆ နေရာရှိပြီး အမျိုးသားလွှတ်တော် ၁၂နေရာ၊စုစုပေါင်းပြည်ထောင်စု၃၈နေရာရှိပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာပြည်ထောင်စုလွှတ်တော်အတွက်NLDဟာကျောင်းကုန်းပြည်သူ့လွှတ်တော်၁နေရာက လွဲပြီးကျန်၃၇နေရာအနိုင်ရရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာပြည်ခိုင်ဖြိုးပါတီအားအကောင်းဆုံးဒေသတစ်ခုဖြစ်ပါတယ်။တိုင်းဒေသကြီးတစ်ခုလုံးအနေနှင့်ပြည်ခိုင်ဖြိုးပါတီဟာမဲဆန္ဒစုစုပေါင်းရဲ့၄၀ရာခိုင်နှုန်းနီးပါးရရှိသောတစ်ခုတည်းသောတိုင်းဒေသကြီးဖြစ်ပါတယ်။

ငပုတော၊ ကျောင်းကုန်း၊ အိမ်မဲ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဝါးခယ်မ မြို့နယ်တွေမှာ ပြိုင်ဆိုင်မှုပြင်းထန်ပါမယ်။ NLDကပိုမိုအားကောင်းပြီးအနိုင်ရနိုင်ခြေပိုမိုကြီးမားပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာကပ်ရှုံးခဲ့သောကျောင်းကုန်းကို၂၀၂၀မှာပြန်လည်အနိုင်ရရှိနိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အတွက် ဧရာဝတီတိုင်းဒေသကြီးဟာ ပြည်ထောင်စုလွှတ်တော် ၃၈ နေရာအနက် ၃၈ နေရာလုံးအနိုင်ရရှိနိုင်ပါတယ်။အဆိုးဝါးဆုံးအခြေအနေမှာပြည်ထောင်စု၃၈နေရာအနက်၃၆နေရာအနိုင်ရရှိနိုင်ပါတယ်။

တိုင်းဒေသကြီးအားလုံးနှင့်နေပြည်တော်။

တိုင်းဒေသကြီး၇ခုနှင့်နေပြည်တော်မှာပြည်ထောင်စုလွှတ်တော်၂၉၁နေရာရှိပါတယ်။အဆိုးဝါးဆုံးအခြေအနေကိုတွက်ဆပြီးအဆိုးဝါးဆုံးအခြေအနေမှာ၂၉၁နေရာအနက်၂၇၄နေရာအနိုင်ရရှိမှာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းဒေသကြီးများရဲ့ ပြည်ထောင်စုလွှတ်တော်နေရာ ၂၉၁ နေရာအနက် ၂၈၁ နေရာအနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၀ အတွက် အဆိုးဆုံးအခြေအနေကိုထည့်တွက်ပြီး အဆိုးဆုံးအခြေအနေမှာ၂၉၁နေရာအနက်၂၇၄နေရာအနိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

ပြည်နယ်ကနေ၄၈နေရာပဲထပ်လိုမယ်။

လာမည့်လွှတ်တော်မှာ ပြည်သူလွှတ်တော်စုစုပေါင်း ၃၁၅+၁၁၀ = ၄၂၅ နေရာရှိပြီး ၊ အမျိုးသားလွှတ်တော်မှာ ၁၆၁+ ၅၆ = ၂၁၇ နေရာရှိပါမည်။ ဒါကြောင့်ပြည်ထောင်စုလွှတ်တော်မှာ ၆၄၂ နေရာရှိပါမည်။ NLD အ​နေနှင့် ၃၂၂ နေရာရရှိလျှင်အစီုးရဖွဲ့နိုင်ပါမည်။

တိုင်းဒေသကြီးများထဲမှအဆိုးဆုံးအခြေအနေမှာ၂၇၄နေရာရရှိမည်ဖြစ်သည့်အတွက်ပြည်နယ်များမှ၄၈နေရာရရှိလျှင်အစီုးရဖွဲ့နိုင်ပါပြီ။


ကချင်ပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

ကချင်ပြည်နယ်ကိုခရိုင်၄ခုဖြင့်ဖွဲ့စည်းထားပါသည်။ ။

၁။ပူတာအိုခရိုင်-နောင်မွန်းမြို့နယ်၊မချမ်းဘောမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ဆွမ်ပရာဘွမ်မြို့နယ်၊ ပူတာအိုမြို့နယ်။

၂။မြစ်ကြီးနားခရိုင်-တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊၊ ဝိုင်းမော်မြို့နယ်၊ အင်ဓျိုင်းယန်မြို့နယ်၊ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်။

၃။မိုးညှင်းခရိုင်-မိုးညှင်းမြို့နယ်၊မိုးကောင်းမြို့နယ်၊ဖားကန့်မြို့နယ်။

၄။ဗန်းမော်ခရိုင်-ရွေကူမြို့နယ်၊ဗန်းမော်မြို့နယ်၊မိုးမိတ်မြို့နယ်၊မံစီမြို့နယ်။

ခရိုင်၄ခု၊မြို့နယ်၁၈မြို့နယ်ရှိပါတယ်။ဒါကြောင့်ပြည်သူ့လွတ်တော်မှာ၁၈နေရာရှိပါတယ် ၊အမျိုးသားလွတ်တော်မှာ နေရာ၁၂နေရာ၊စုစုပေါင်းပြည်ထောင်စုလွတ်တော်မှာနေရာ၃၀ရှိပါတယ်။

အမျိုးသားလွတ်တော်မဲဆန္ဒနယ်၁၂နယ်သတ်မှတ်ရာမှာလူဦးရေအလိုက်ချိန်ဆ၍၊
၁။ပူတာအိုခရိုင်(၅မြို့နယ်လူဦးရေအလွန်နည်းပါသည်)
၂။မြစ်ကြီးနားမြို့နယ် ။
၃။အင်ဂျိုင်းယန်မြို့နယ်၊ချီဖွေမြို့နယ်၊ဆော့လော်မြို့နယ်။
၄။ဝိုင်းမော်မြို့နယ်
၅။တနိုင်းမြို့နယ်။
၆။မိုးညှင်းမြို့နယ်တစ်ဝက်။
၇။မိုးညှင်းမြ်ု့နယ်နောက်တစ်ဝက်။
၈။မိုးကောင်းမြို့နယ်။
၉။ဖားကန့်မြို့နယ်။
၁၀။ဗန်းမော်မြို့နယ်။မှ
၁၁။မိုးမိတ်မြို့နယ်။
၁၂။ရွေကူမြို့နယ်နှင့်မံစီမြ်ု့နယ်။

စုစုပေါင်း၁၂နေရာပါ။

ပူတာအိုခရိုင် ၅ မြို့နယ်မှာ ရဝမ်၊ လီဆူး အဓိကပါ ၊ ပူတာအိုမြို့နယ်မှာ ရှမ်းအနည်းငယ်ရှိပါတယ် ၊ ဆွမ်ပရာဘွမ် မှာတော့ ဂျိန်းဖော က အဓိကပါ ။ ပူတာအိုမြို့မှာက လွဲရင် နေရာကျယ်ပြီးလူဦးရေ နည်းပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲရလဒ် ကိုလေ့လာကြည့်ပါ။ ပူတာအိုကလွဲရင် မဲပေးနိုင်သူလူဦးရေ ၃၀၀ /၄၀၀ နှင့် ကိုယ်စားလှယ်တစ်နေရာ ရနေတာပါ။ နောင်မွန်းမြိုနယ် မှာ မဲ၁၀၀၀ ကျော်ရင်တော်တော်အလုပ်ဖြစ်နေပါပြီ။

မြင်သာအောင်နောင်မွန်းနှင့်ဆွမ်ပရာဘွမ်ကိုဥပမာထုတ်ပြပါမယ်။

နောင်မွန်းမြို့နယ်
တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၁- USDP က ၁၀၀၇ မဲ( ၅၈.၀၅ % ) နှင့်နိုင်ပါတယ် ၊ NLD က ၄၆၉ မဲ ( ၂၇.၄၉%)ရပါတယ်။
တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၂ ကို USDP က ၇၈၄ မဲ ( ၄၆.၈၉ % ) နှင့်နိုင်ပါတယ် ၊ NLD က ၆၄၁ မဲ  ( ၃၈.၃၄%)ရပါတယ်။
ပြည်သူ့လွတ်တော် မဲဆန္ဒနယ် မှာ USDP က ၁၈၆၅ မဲ ( ၅၅.၉၀ % ) နှင့်အနိုင်ရပါတယ် ၊ NLD က ၁၃၅၈ မဲ ( ၄၀.၇၁%)ရပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်
တိုင်းဒေသကြီးလွတ်တော်မဲဆန္ဒနယ် ၁ မှာ NLD က ၂၉၄ မဲ ( ၃၇.၂၅ % ) နင့်နိုင်ပါတယ် ၊ USDP က ၂၇၇ မဲ ( ၃၅.၂၉%)ရပါတယ်။
တိုင်းဒေသကြီးလွတ်တော်မဲတန္ဒနယ် ၂ မှာ KSDP က ၁၈၈ မဲ ( ၃၈.၈၄% ) နှင့်နိုင်ပါတယ်။ USDP က ၁၃၀ မဲ ( ၂၆.၈၆%)ရပါတယ်၊NLDက၁၀၉မဲ(၂၂.၅၂%)ရပါတယ်။
ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာNLDက၄၃၅မဲ(၃၄.၂၈%)နှင့်နိုင်ပါတယ် ၊ USDP က ၃၁၇ မဲ ( ၂၇.၅၀%)ရပါတယ်၊ KSDPက၃၂၀မဲ(၂၅.၂၂%)ရပါတယ်။

ပူတာအိုခရိုင်အောင်နိုင်ရေးစဉ်းစားတဲ့အခါ လူဦးရေနှင့်ခရီးအကွာအဝေးကအတော်စကားပြောပါတယ်။အပေါ်မှာကျွန်တော်ပြထားတဲ့၂၀၁၅မဲရလဒ်ဟာ ပူတာအိုခရိုင်ရဲ့လူဦးရေကိုအဓိကပြချင်တာပါ။

ဆွမ်ကရာဘွမ်မှာ၂၀၁၅မှာNLDအောင်နိုင်ခဲ့ပါတယ်၊လူဦးရေနည်းတော့မဲဆယ်ဂဏန်းအသာရရင်အောင်နိုင်ပြီဖြစ်တဲဲ့အတွက်အပြောင်းအလဲကအချိန်မရွေးဖြစ်နိုင်ပါတယ်။

ခေါင်လန်ဖူး၊မချမ်းဘော၊နောင်မွန်းတို့မှာ ပြည်ခိုင်ဖြိုး နှင့် NLD ကလည်းအပြိုင်အဆိုင်အားကောင်းကြပါတယ်။ NLDအစီုးရသက်တမ်းအတွင်းပူတာအိုခရိုင်မှာNLDကိုထောက်ခံသူတွေပိုများလာပါတယ်။NLDကိုသိသိသာသာ ကြီးကိုပိုမိုထောက်ခံလာကြပါတယ်။NLDအစီုးရကြောင့်ပူတာအိုဒေသဟာာလမ်းပန်းဆက်သွယ်ရေးပိုကောင်းလာသလိုလျှပ်စစ်မီးလဲရလာတဲ့အတွက်ဖွံဖြိုးတိုးဆက်လာလို့ဖြစ်ပါတယ်။

နောင်မွန်း၊မချမ်းဘော၊ခေါင်လန်ဖူးတို့မှာNLDနိုင်ဖို့ရာခိုင်နှုန်း၇၀လောက်ရှိပါတယ်။

ပူတာအိုမြို့နယ်မှာကတော့NLDပဲနိုင်မှာပါ။ပူတာအိုမှာလီဆူးအများဆုံးနေထိုင်ပြီးNLD ကိုထောက်ခံသူများဖြစ်ပါတယ်။ပူတာအိုမှာNLDအနိုင်ရဖို့၈၅ရာခိုင်နှုန်းသေချာပါတယ်။

မြစ်ကြီးနားခရိုင်ကိုကြည့်ရအောင်ပါ။

တနိုင်း၊မြစ်ကြီးနား၊ဝိုင်းမော်၊အင်ဂျိုင်းန်၊ချီဖွေ၊ဆော့လော်ငါးမြို့နယ်စလုံးဟာNLD အတွက်စိိန်ခေါ်မှုကြီးပါတယ်။

တနိုင်းမြို့နယ်ထဲကရှင်ဗွေယံဖက်ခြမ်းကနိုင်မှာပါ၊ တနိုင်းဖက်ခြမ်းက ၂၀၁၅ တုန်းက NLD ရှုံးခဲ့ပါတယ်၊ ပြည်ခိုင်ဖြိုးကချင်ဝန်ကြီးချုပ်ဟောင်းဦးလဂျုံငန်ဆိုင်းရဲ့နေရာပါ။တနိုင်းမြို့နယ်အမျိုးသားလွတ်တော်နှင့်ပြည်သူ့လွတ်တော်နေရာတွေကို၂၀၁၅မှာNLDကနိုင်ခဲ့ပါတယ်၊မဲတော့မပြတ်ခဲ့ပါဘူး။၂၀၂၀မှာတနိုင်းမြို့နယ်အတွက်အမျိုးသားလွတ်တောနှင့်ပြည်သူ့လွတ်တော်နေရာတွေအတွက်စစ်တပ်ကပေးတဲ့ကြိုတင်မဲ၉၀၀ဟာပြည်ခိုင်ဖြိုးကိုအနိုင်ရစေမှာပါ။မဲ၅၀၀၀ရရင်အနိုင်ရတဲ့နေရာမှာစစ်တပ်ကြိုတင်မဲ၉၀၀ဆိုတအရမ်းများပါတယ်။တပ်နယ်မြေဖြစ်တဲ့အတွက် မဲရုံမှာလာထည့်တဲ့ စစ်တပ်မဲတွေလည်းရှိဦးမှာပါ။ NLD အတွက်အောင်နိုင်ခြေက ၅၀-၅၀ ပဲရှိပါတယ်။

၂၀၁၅မှာမြစ်ကြီးနားမြို့နယ်အမျိုးသား၊ပြည်သူ၊ပြည်နယ်၂နေရာ၊အားလုံးနိုင်ခဲ့ပါတယ်။မဲအပြတ်အသတ်တော့မဟုတ်ပါ။၂၀၁၈ကြားဖြတ်မှာမြစ်ကြီးနားအမျိုးသားလွတ်တော်နေရာပြည်ခိုင်ဖြိုးကနိုင်ခဲ့ပါတယ်၊ကချင်ပါတီကဒုတိယ ၊NLDကတတိယနေရာပဲရပါတယ်။၂၀၂၀မှာNLDကတောင်ဖက်ခြမ်းကနိုင်မှာပါ။စစ်တပ်ကနေလာတဲ့ကြိုတင်မဲတွေကလည်းအများအပြားဖြစ်နေတဲ့အတွက်တစ်မြိုနယ်လုံးအတွက်အမျိုးသားလွတ်တော်နှင့်ပြည်သူ့လွတ်တော်နေရာတွေမှာNLDနိုင်ဖို့မသေချာတော့ပါဘူး။

ချီဖွေ၊ဆော့လော်၊အင်ဂျိုင်းယန်မြို့နယ်သုံးခုပေါင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်တစ်နေရာရှိပါတယ်၊ ၂၀၁၅ မှာဦးစခုန်တင်ယင်းနိုင်ခဲ့ပါတယ်။၂၀၂၀မှာလည်းNLDအနိုင်ရရှိဖို့တော်တော်ခက်ခဲတဲ့နေရာပါ။

အင်ဂျိုင်းယန်ကဂျိန်းဖောအများစုရှိပြီးလူဦးရေကလဲအင်မတန်နည်းပါတယ်။ကချင်ပါတီတွေအားကောင်းတဲ့နေရာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်ဂျိုင်းယန်ပြည်သူ့လွတ်တော်နေရာကိုကချင်ဒီမိုကရက်တစ်ပါတီက ၄၃၉ မဲရရှိပြီး ၄၇.၉၃ % နှင့်အနိုင်ရရှိခဲ့တာပါ။ ပြည်နယ်လွှတ်တော် ၂ နေရာကို ကချင်ဒီမိုကရက်တစ်ပါတီကပဲ မဲ ၂၁၃ မဲ( ၄၀.၀၄ %)၊၂၀၃မဲ(၅၂.၅၉%)အသီးသီးရရှိပြီးအနိုင်ရရှိခဲ့တာပါ။အင်ဂျိုင်းယန်မှာဂျိန်းဖောများသာနေထိုင်သာဖြစ်ပြီးလူဦးရေရာဂဏန်းသာရှိတဲ့အတွက်ဂျိန်းဖောရွာကြီးလိုဖြစ်နေတာပါ။ကချင်ပါတီပဲအနိုင်ရမှာပါ။

ချီဖွေနှင့်ဆော့လော်မြို့နယ်တွေဟာ ဆခုန်တင်ရင်းလွှမ်းမိုးထားတဲ့နေရာတွေပါ။ ချီဖွေနှင့်ဆော့လော်မှာ လော်ဝေါ်၊ လချိတ်၊လီဆူးတိုင်းရင်းသားတွေရှိပါတယ်။၂၀၁၅မှာချီဖွေနှင့်ဆော့လော်ကိုNLDပါတီကသွားလို့မရအောင်ကိုဆခုန်တင်ရင်းရဲတပ်တွေကအနှောက်အယှက်ပေးခဲပါတယ်။

၂၀၂၀မှာတော့၂၀၁၅လိုမျိုးအနှောက်အယှက်ပေးလို့မရတော့ပါဘူး။ဒါ့အပြင်ခေတ်အဆက်လမ်းတောင်မပေါက်ခဲ့တဲ့ချီဖွေမှာလမ်းကလည်းကောင်း၊လျှပ်စစ်မီးကလည်းရပါပြီ၊ဆော့လော်ကလည်းကျောက်ကြမ်းလမ်းနှင့်လျှပ် စစ်မီးကိုစတင်ခံစားရပါပြီ။မဖွံ့ဖြိုးခဲ့တဲ့ဒေသခံတွေရ့ဖွံ့ဖြိုးတိုးတက်လာမှုကိုတုန့်ပြန်မှုကNLDကိုထောက်ခံ ဆန္ဒမဲတွေအဖြစ်ပြောင်းလဲလာမည်ဟုမြင်ပါတယ်။

မိုးညှင်ခရိုင်ကိုကြည့်ရအောင်ပါ။

မိုးညှင်း၊ မိုးကောင်း ၊ဖားကန့်သုံးမြို့နယ်ပြည်သူလွှတ်တော်၃နေရာ၊အမျိုးသားလွှတ်တော်၄နေရာရပါတယ်။ မိုးညှင်းတစ်မြို့နယ်ထဲကိုအမျိုးသားလွှတ်တော်၂နေရာရတာပါ။

မိုးညှင်းခရိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစဉ်အဆက်အားကောင်းခဲ့တဲ့နေရာပါ။၂၀၁၅ရွေးကောက်ပွဲမှာ လည်းအပြတ်အသတ်နိုသ်ခဲ့ပါတယ်။ဖားကန့်မြို့နယ်မှာကချင်တွေများတယ်ဆိုပေမဲ့NLDကိုထောက်ခံကြသူတွေဖြစ်ပါတယ်။မိုးညှင်း၊မိုးကောင်းမှာရှမ်းနီပါတီရှိသော်လည်းလူထုထောက်ခံမှုအလွန်နည်းပါတယ်။နေရာအားလုံး NLDနိုင်မှာပါ။

ဗန်းမော်ခရိုင်

စစ်ကိုင်း၊ မန္တလေး၊ရှမ်းနှင့်ဆက်နေတဲ့ ဗန်းမော်ခရိုင်မှာ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ လေးမြို့နယ်ရှိပါတယ်။ မံစီကလွဲလိုNLDအလွန်အားကောင်းပါတယ်။

ပြည်သူ့လွတ်တော်၄နေရာ၊အမျိုးသားလွတ်တော်၃ နေရာရှိပါတယ်။ ရွှေကူနှင့်မန်စီပေါင်းပြီးအမျိုးသားလွှတ်တော် ၁နေရာရတာပါ။

စုစုပေါင်း ၇ နေရာမှာ ၆ နေရာနိုင်ပါမယ်။ မံစီပြည်သူ့လွှတ်တော်နေရာကရှုံးဖို့ရာခိုင်နှုန်းများနေပါတယ်။ ရွှေကူ၊ မံစီအမျိုးသားလွှတ်တော်နေရာကရွှေကူလူဦးရေများတဲ့အတွက်NLDနိုင်မှာပါ။

၂၀၁၅ရွေးကောက်ပွဲမှာမံစီမြို့နယ်အတွက်ပြည့်သူ့လွတ်တော်ကိုယ်စားလှယ်နေရာနှင့်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်၁နေရာကိုNLDကနိုင်ခဲ့ပါတယ်။ကျန်ပြည်နယ်လွှတ်တော်နေရာကိုSNLDနိုင်ခဲ့တာပါ။

၂၀၁၅နောက်ပိုင်းNLDအားအလွန်နည်းလာပါတယ်။NLDပါတီကော်မတီအားနည်းတာကနေစခဲ့တာပါ။ရှမ်းပြည်နယ်နှင့်ဆက်နေပြီးရှမ်းတိုင်းရင်းသားတွေအဓိကနေထိုင်တာဖြစ်တဲ့အတွက်အားကမသေးပါဘူး။ပြည်ခိုင်ဖြိုးကလဲအားကောင်းပါတယ်။၂၀၂၀မှာမံစီကိုNLDလက်လွတ်ရမယ့်အလားအလာတွေရှိနေပါတယ်။

အနှစ်ချုပ်တင်ပြရလျှင်၊

ပူတာအိုခရိုင်မှာပူတာအိုမြို့နယ်နိုင်မှာသေချာပါတယ်။နောင်မွန်း၊မချမ်းဘော၊ခေါင်လန်ဖူးဒုတိယအဆင့်သေချာပါတယ်၊ဆွမ်ပရာဘွမ်ကတော့တတိယလိုက်ပါတယ်။

အဆိုးဆုံးအခြေအနေမှာပြည်ထောင်စုအဆင့်၆ နေရာအနက်မှ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူလွတ်တော် ၃နေရာ၊စုစုပေါင်း၄နေရာရရှိပါမယ်။

မြစ်ကြီးနားခရိုင်မှာဝိုင်းမော်ကိုပထမအဆင့်ထားပါတယ်၊မြစ်ကြီးနား၊ချီဖွေနှင့်ဆော့လော်ကိုဒုတိယအဆင့်ပေးပါတယ်၊တနိုင်းနှင့်အင်ဂျိုင်းယန်ကတတိယလိုက်ပါတယ်။

အဆိုးဆုံးအခြေအနေမှာပြည်ထောင်စုအဆင့်၁၀ နေရာအနက် အမျိုးသားလွတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂နေရာရရှိပါမယ်။စုစုပေါင်း၄နေရာရရှိပါမယ်။

မိုးညှင်းခရိုင်မှာပြည်ထောင်စုအဆင့်၇နေရာမှာ၇နေရာလုံးအနိုင်ရရှိမှာပါ။

ဗန်းမော်ခရိုင်မှာပြည်ထောင်စုအဆင့်၇နေရာမှာမံစီပြည်သူလွှတ်တော်နေရာကိုဖယ်ပြီးစဉ်းစားရင်၆နေရာနိုင်ပါမယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ ပြည်ထောင်စုအဆင့်နေရာ ၃၀ ရှိသည့်အနက် အဆိုးဆုံးအခြေအနေမှာ NLD မှ ၂၁ နေရာအနိုင်ရရှိပါမယ်။

မှတ်ချက်။ပိုမိုနားလည်စေရန်-
ကချင်ပြည်နယ်တွင်
၁။ကချင်ဂျိန်းဖော၊လော်ဝေါ်၊လချိတ်တို့မှာမြစ်ကြီးနားခရိုင်နှင့်ပူတာအိုခရိုင်အတွင်းမှဆွမ်ပရာဘွမ်တို့တွင်အဓိကေနထိုင်ပါသည်။
၂။ပူတာအိုခရိုင်တွင်လီဆူးနှင့်ရဝမ်တို့အဓိကနေထိုင်ပါသည်။
၃။ဗန်းမော်ခရိုင်နှင့်မိုးညှင်းခရိုင်တို့တွင်ဗမာ၊ရှမ်းနီများအဓိကနေထိုင်ပါသည်။ရှမ်းနီပါတီများရှိသော်လည်းပြည်ခိုင ဖြိုးလောက်ပင်အားမကောင်းကြပါ။


ကယားပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

ကယားပြည်နယ်မှာဖွံ့ဖြိုးတိုးတက်မှုအများကြီးရှိခဲ့ပါတယ်။ကယားပြည်နယ်ကလမ်းတွေဟာအရင်အချိန်အခါတွေနှင့်လုံးဝမတူအလွန်ကောင်းသွားပါပြီ။ အရင်က လျွှိုင်ကော်မြို့လောက်ပဲလျှပ်စစ်မီးလင်းခဲ့တဲ့ ကယားပြည်နယ်မှာ၊ ပြည်နယ်တစ်ခုလုံးနီးပါးမီးလင်းခဲ့ပါပြီ ။

ဖွံဖြိုးတိုးတက်မှုတွေအများကြီးရရှိခဲ့တဲ့ကယား၊ကယန်းတိုင်းရင်းသားတွေဟာNLDကိုNLDအစီုးရလက်ထက်ဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့်ပြီး ထောက်ခံဆန္ဒမဲပေးကြမှာလား။ နိုင်ငံရေး အမှားအယွင်းတစ်ချို့အတွက် NLD ပေးဆပ်ရတပိုကြီးမှာလား။၂၀၂၀နိုဝင်ဘာ၈ရက်နေ့အဖြေထွက်ပါမယ်။

၂၀၁၅မှာNLDကိုစုပြုံပြီးထောက်ခံဆန္ဒမဲပေးခဲ့ကြသလောက်၂၀၂၀ရွေးကောက်ပွဲမှာမရရှိနိုင်တော့ပါဘူး။အထူးသ ဖြင့်ကယား၊ကယန်းတိုင်းရင်းသားတွေအဓိကနေထိုင်တဲ့ဒီမောဆို၊ဖရူဆီု၊ရှားတောမြို့နယ်တွေမှာပါ။

ဖွံ့ဖြိုးရေးဖက်ကကြည့်ရင်အများကြီးတိုးတက်ခဲ့ပေမယ်၊နိုင်ငံရေးမှာမလုပ်သင့်ခဲ့တဲ့အမှားတွေဖြစ်ခဲ့၊လုပ်ခဲ့ကြပါ တယ်။အမှားတွေကအမှားအကြီးကြီးတွေမဟုတ်ပေမယ့်၊သေးသေးလေးတွေစုမိ၊စုမိပြီးကြီးသွားတာပါ၊သက်ရောက်မှုကမသေးပါ။

NLDအလွယ်တကူအောင်နိုင်ရမယ့်ကယားပြည်နယ်မှာအခုအောင်နိုင်ရေးအားစိုက်လုံးပန်းနေရတာဟာနိုင်ငံရေးအရအမှားတွေကြောင့်ပါ။

NLDအားနည်းသွားတယ်ဆိုပေမယ့်၊အားအလွန်အနည်းကြီးတော့မဟုတ်ပါ။NLDအားကောင်းပါသေးတယ်။ဆင်ပိန်ကျွဲလောက်ရှိတယ်ဆိုတာမဟုတ်ပါဘူး၊ဆင်ပိန်ရင်ဆင်လောက်ပဲရှိတာပါ။

ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်ရှိတဲ့အတွက် ပြည်သူ့လွှတ်တော် ၇ နေရာရှိပါတယ်။ အမျိုးသားလွှတ်တော် ၁၂နေရာရှိပါတယ်၊ပြည်ထောင်စုလွှတ်တော်မှာစုစုပေါင်း၁၉နေရာရှိပါတယ်။

ရှားတောနှင့်မယ်စဲ့ကလွဲပြီးတစ်မြို့နယ်မှာအမျိုးသားလွှတ်တော်၂ နေရာရရှိပါတယ်။ ဒါကြောင့်တစ်မြို့နယ်ရှုံးလျှင် ပြညိသူလွှတ်တာ်၁ နေရာအမျိုးသားလွှတ်တော် ၂ နေရာ ၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော် ၃ နေရာဆုံးရှုံးမှာပါ။ လူဦးရေထောင်ဂဏန်းနှင့်ပြည်ထောင်စုလွှတ်တော်၃နေရာရရှိတာကယားပြည်နယ်ပဲရှိပါတယ်။

လျွှိုင်ကော်မြို့နယ် ပြည်ထောင်စုလွှတ်တော် ၃ နေရာလုံး NLD အနိုင်ရရှိပါမယ်။ဒါကတော့သေချာတာထက်ကို သေချာပါတယ်။

ဖားဆောင်းကပြည်ထောင်စုလွှတ်တော်၃နေရာမှာ၂နေရာအနိုင်ရရှိဖို့သေချာပါတယ်။ဖားဆောင်းရဲ့တစ်ဖက်ခြမ်းအမျိုးသားလွှတ်တော်နေရာ က ပြည်ခိုင်ဖြိုးအနိုင်ရရှိထားပြီး ရွာတွေများ၊တိုင်းရင်းသားတွေများတဲ့နေရာမို့ NLD အနိုင်ရရှိရေးကစိတ်မချရပါ။ဖားဆောင်းမှာ KySDP ၊ KNP လည်းအားမကောင်းပါဘူး။ ဖားဆောင်းမှာအနည်းဆုံး ၂နေရာတော့အနိုင်ရရှိမှာသေချာပါတယ်။၃နေရာလည်းဖြစ်သွားနိုင်ပါတယ်။

မယ်စဲ့ကပြည်ထောင်စုလွှတ်တော်၂နေရာလုံးအနိုင်ရရှိပါမယ်။ဦးအယ်ဖေါင်းရှိုရဲ့နေရာလည်းဖြစ်ပြီးNLDရဲ့အမာခံနယ်မြေပါ။

ဘောလခဲမြို့နယ်ကပြည်ခိုင်ဖြိုးရဲ့အမာခံနယ်ဖြစ်ပြီး၂၀၁၅မှာပြည်ခိုင်ဖြိုးအပြည့်အနိုင်ရရှိထားတာပါ။ဘောလခဲ့ရဲ့ပြည်ထောင်စုလွှတ်တော် ၃ နေရာ NLD အနိုင်ရမယ်၊ မရဘူး ဆိုတာ ၅၀-၅၀ ပါ။ ဘောလခဲမှာ တိုင်းရင်းသားပါတီ KySDPအားမကောင်းပါဘူး။၂၀၁၅ရွေးကောက်ပွဲနှင့်မတူတာကဒီတစ်ခေါက်ဝင်ပြိုင်တဲ့NLDကိုယ်စားလှယ်လောင်းတွေအလုပ်ကြိုးစားပြီး၊အလုပ်လုပ်တတ်ပါတယ်။၂၀၂၀ရွေးကောက်ပွဲဘောလခဲမှာNLDအနေနှင့်ပြည်ထောင်စုလွှတ်တာ်၃နေရာအနက်အနည်းဆုံး၁နေရာအနိုင်ရရှိမှာပါ။ဦးစီုးသိန်းရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကိုရရှိဖို့များပါတယ်။

ဒီမောဆို၊ဖရူဆို၊ရှားတော၃မြို့နယ်ကပြည်ထောင်စုလွှတ်တော်၈နေရာကိုNLDတစ်ဝက်လောက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်။အဲ့ဒီ၈နေရာလုံးအနိုင်ရရှိနိုင်ခြေတွေလည်းကောင်းကောင်းရှိနေပါတယ်။

ဒီမောဆို၊ဖရူဆို၊ရှားတောဖိုခနောက်ဆိုင်နေရာအလည်တည့်တည့်မှာKNPPရှိနေတဲ့အတွက်ရွာကဆန္ဒမဲတွေအပေါ် KNPPကလွှမ်းမိုးထားနိုင်ပါတယ်။အဲ့ဒီမြို့နယ်၃ခုမှာကယား၊ကယန်းတွေအဓိကနေထိုင်ပါတယ်။ကယား၊ကယန်းပါတီဖြစ်တဲ့KySDPကလည်းအဲ့ဒီ၃မြို့နယ်မှာအားကောင်းတာပါ။KNPPတပ်ဖွဲကKySDPကိုပြည်နယ်လွှတ်တော်မှာအဓိကနိုင်စေချင်တယ်လို့ကြားသိရပါတယ်။ KySDP , KNPကလည်း ပြည်နယ်လွှတ်တော်မှာအနိုင်ရရှိရေးကိုပဲ အဓိကထားတာပါ။ အဲ့ဒီအချက်ကို NLD အနေနှင့် KySDP နှင့် ညှိနှိုင်းပြီး ပြည်ထောင်စု၊ ပြည်နယ် နေရာခွဲနိုင်ရင်ကောင်းပါတယ်။

ရှားတောပြည်ထောင်စုလွှတ်တော်၂နေရာမှာမဝင့်ဝါပြန်အနိုင်ရရှိနိုင်ပါတယ်။ပြည်သူ့လွှတ်တော်ပါ။အမျိုးသားလွှတ်တော်ကလည်းအခြေအနေမဆိုးပါဘူး။ထောက်ခံဆန္ဒမဲ၁၅၀၀လောက်ရရင်အနိုင်ရဖို့သေချာနေတဲ့ရှားတောမှာစီုးရိမ်ရတာက စစ်တပ်မဲပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ရာဂဏန်းအသာနှင့် NLD အနိုင်ရခဲ့တာဖြစ်တဲ့အတွက် ၂၀၂၀ မှာ ဆန္ဒမဲပေးဖို့စာရင်းပေးထားတဲ့စစ်တပ်မဲဆန္ဒရှင် ၃၀၀ ကစီုးရိမ်ဖို့ကောင်းပါတယ်။ ၂၀၁၅ မှာ စစ်တပ်ဆန္ဒမဲပေးသူအဲ့ဒ္ေလာက်မရှိခဲ့ပါ။အခုဖြစ်စဉ်ကထူးခြားနေပါတယ်။

ရှားတောမှာပြည်နယ်အဆင့်လွှတ်တော်နေရာတွေကပိုပြီးစီုးရိမ်ရပါတယ်။ပြည်ထောင်စုအဆင့်လွှတ်တော်၂ နေရာရှိရာ၂နေရာလုံးအနိုင်ရရှိနိုင်ပါတယ်။အဆိုးဆုံးဖြစ်ခဲ့ရင်တောင်တစ်နေရာတော့အနိုင်ရမှာပါ။

ဒီမောဆို နှင့်ဖရူဆို မှာ ပြည်ထောင်စုလွှတ်တော်နေရာ စုစုပေါင်း ၆ နေရာရှိပါတယ်။ တစ်မြို့နယ် ၃ နေရာစီပါ။ ဒီမော့ဆိုကဖရူဆိုထက်အခြေအနေအများကြီးပိုကောင်းပါတယ်။ အဆိုးဆုံးအခြေအနေတွက်ကြည့်ရင်တောင် ပြည်သူ့လွှတ်တော်၂နေရာကအနိုင်ရမှာပါ။အမျိုးသားလွှတ်တော်၄နေရာမှာ အနည်းဆုံး ၁ နေရာတော့နိုင်ပါတယ်။ မဆိုးဆုံးအခြေအနေမှာ၆နေရာအနက်၃နေရာနိုင်မှာပါ။

ခြုံငုံကြည့်ရင်၊အဆိုးဆုံးအခြေအနေမှာ၊

၁။လျွှိုင်ကော်၊မယ်ဆဲ့၅နေရာမှာNLD၅နေရာလုံးအနိုင်ရပါမယ်။

၂။ဘောလခဲ၊ဖားဆောင်း၆နေရာမှာNLDအနည်းဆုံး၃နေရာအနိုင်ရပါမယ်။

၃။ဒီမော့ဆို၊ဖရူဆို၊ရှားတော၈နေရာမှာNLDအနည်းဆုံး၄နေရာအနိုင်ရပါမယ်။

အဆီုးဆုံးကိုထားတွက်ရင်ကယားပြည်နယ်ပြည်ထောင်စုလွှတ်တော်၁၉နေရာမှာ NLD ၁၂ နေရာအနိုင်ရရှိပါမယ်။ NLD အစီုးရဖွဲ့နိုင်ဖို့အရေးကြီးတဲ့ပြည်ထောင်စုလွှတ်တော်ပဲတွက်ပြထားတာပါ၊ ပြည်နယ်လွှတ်တော်မပါပါဘူး။ ကသောင်းကနင်းဖြစ်ခဲ့တာပြည်နယ်အစီုးရ၊ပြည်နယ်လွှတ်တော်ပါ။

အဆိုးဆုံးအခြေအနေမှာ ကယားပြည်နယ် ပြည်ထောင်စုလွှတ်တော် ၁၉ နေရာအနက် ၁၂ နေရာ NLD အနိုင်ရမှာပါ။ တွက်ပြထားတာထက် အခြေအနေပိုကောင်းဖို့ပဲရှိပါတယ်။ အဆီုးဆုံးကိုတွက်ပြထားတာပါ။

ကရင်ပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

ကရင်ပြည်နယ်မှာပြည်နယ်လူထုကလည်းအားကောင်းတယ်၊ကရင်ပြည်နယ်အစီုးရ၊ကရင်ပြည်နယ်ပါတီကလည်းအားကောင်းတယ်။

အန်တီနန်း(ခေါ်)ဒေါ်နန်းခင်ထွေးမြင့်NLDပါတီCECဖြစ်နေတာ၊ပြည်နယ်ပါတီဥက္ကဌဖြစ်နေတာ၊ပြည်နယ်အစီုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်နေတာဟာကရင်ပြည်နယ်ပါတီနှင့်အစီုးရအဖွဲ့အားကောင်းရခြင်းရဲ့အဓိကအကြောင်းရင်းပါ။ ဒါကြောင့်ကရင်ပြည်နယ်အောင်နိုင်ရေးကအလွန်ကောင်းပါတယ်။

ကရင်ပြည်နယ်မှာစီုးရိမ်ရတာဖာပွန်နှင့်သံတောင်ကြီးပဲရှိပါတယ်။ကျန်မြို့နယ်တွေအားလုံးအနိုင်ရရှိမှာပါ။

ကရင်ပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ရှိပါတယ်၊စုစုပေါင်း၁၉နေရာပါ။

သံတောင်ကြီးနှင့်ဖာပွန်မှာပြည်သူလွှတ်တော်၁နေရာ၊အမျိုးသားလွှတ်တော်၁နေရာစီရရှိပါတယ်။ကျန်မြို့နယ်တွေမှာ ပြည်သူ့လွှတ်တော် ၁ နေရာနှင့်အမျိုးသားလွှတ်တော် ၂ နေရာစီ ၊ စုစုပေါင်းပြည်ထောင်စုအဆင့် ၃ နေရာစီ ရရှိပါတယ်။

NLDအောင်နိုင်ခြေနှင့်ပက်သက်ပြီးအဆင့်၃ခုခွဲခြားထားပါတယ်။

အဆင့် A – ဘားအံ့၊ လှိုင်းဘွဲ့ ၊ မြဝတီ ၃ မြို့နယ်ပါ။ NLD အောင်နိုင်ဖို့ အပြည့်အဝသေချာတဲ့မြို့နယ်တွေပါ။

အဆင့် B – ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး ၂ မြို့နယ်ပါ။ NLD အောင်နိုင်ခြေအလွန်များပါတယ် ၊ သို့သော်ကြိုးစားအားထုတ်မှုကြီးပါတယ်။အဲ့ဒီ ၂ မြို့နယ်မှာကော့ကရိတ် ကို အဆင့်ပိုမြင့် ပေးပါမယ်။ ကော့ကရိတ် ကကြာအင်းဆိပ်ကြီးထက်ပိုပြီးစိတ်ချရလို့ပါ။

အဆင့်-ဖာပွန်နှင့်သံတောင်ကြီးပါ။NLDရှုံးသွားနိုင်သော၂မြို့နယ်ပါ။

ဖားအံ့ ၊ လှိုင်းဘွဲ့ ၊ မြဝတီ က NLD မှ NLD ဆိုတဲ့ မြို့နယ် ၃ မြို့နယ်ပါ။ လူထုအားအရမ်းကောင်းပါတယ်။ NLD ပြိုင်ဖက်ကင်းမြို့နယ်တွေပါ။ပြည်ထောင်စုအဆင့်၉နေရာမှာ၉နေရာလုံးNLDအနိုင်ရမှာပါ။

ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီးမှာ NLD ကအားအကောင်းဆုံးပါ။ ပြည်ခိုင်ဖြိုးက ဒုတိယလိုက်ပါတယ်။ KNDPအားမကောင်းပါဘူး။

လူဦးရေများပြီးမြို့နေလူဦးရေများတဲ့ကော့ကရိတ်ဟာကြာအင်းဆိပ်ကြီးထက်ပိုပြီးစိတ်ချရပါတယ်။ဒီရက်ပိုင်းအတွင်းKNUကကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးရွတွေကိုရွေးကောက်ပွဲအတွက်လုံခြုံရေးအာမမခံ၊တာဝန်မယူပေးနိုင်ဘူးပြောလာပါတယ်။ ဒါ့အပြင် ရွာတွေထဲ NLD နှင့် ပြည်ခိုင်ဖြိုးမဝင်ရလုပ်လာပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်မှုးချစ်သူBGFကအမျိုး၊ဘာသာ၊သာသနာဆိုပြီးပြောဆိုစည်းရုံးနေပါတယ်။

အဲ့ဒီလိုအခြေအနေထဲမှာကော့ကရိတ်ကပီုပြီးခံနိုင်ရည်ရှိပါတယ်။ကြာအင်းဆိပ်ကြီးကပိုပြီးထိလွယ်ရှလွယ်ဖြစါပါတယ်။မည်သို့ပင်ဆိုစေ NLD မနိုင်မရလျှင် KNDP တက်လာမှာမဟုတ်ပဲ ၊ ပြည်ခိုင်ဖြိုး အနိုင်ရရှိမှာဖြစ်တဲ့အတွက် ဒေသခံတွေကလက်မခံကြပါဘူး။ဒါကိုလည်းစစ်တမ်းတွေမှာဖော်ပြနေပါတယ်။နှစ်ပေါင်းများစွာခါးသီးတဲ့အတွေ့အကြုံကို သူတို့ခံစားရပြီးဖြစ်ပါတယ်။ ဒေသခံလူထုအများစု ၊ ရွာအများစုက NLD မှ NLD ဖြစ်နေပါတယ်။ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမှာ NLD နိုင်ဖို့ ၈၀ ရာခိုင်နှုန်းရှိပါတယ်။ နှစ်မြို့နယ်ပေါင်း ပြည်ထောင်စုအဆင့် ၆နေရာမှာ၆နေရာလုံးအနိုင်ရရှိမယ်လို့ခန့်မှန်းပါတယ်။

ဖာပွန်မှာက စစ်တပ်မဲက အဆုံးအဖြတ်ဖြစ်ပါတယ်။ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ တစ်ချို့ရွာတွေမှာရွေးကောက်ပွဲလုပ်ဖို့အဆင်မပြေပါဘူး။ဒါကြောင့်ပြည်ခိုင်ဖြိုးပါတီပဲအစဉ်တစိုက်အနိုင်ရရှိတာပါ။ NLD က ပြည်ခိုင်ဖြိုးနှင့် အပြိုင်အားကောင်းပါတယ်။ ဒါပေမယ့် စစ်တပ်မဲ အလွန်များတဲ့အတွက် စသ်တပ်မဲကပဲ နောက်ဆုံးအဆုံးအဖြတ်ဖြစ်နေပါတယ်။ ဖာပွန်မှာ ကရင်ပါတီ KNDP အားမကောင်းပါ။ ပြည်သူ့လွှတ်တော် ၁ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာ စုစုပေါင်း ၂ နေရာလုံး ပြည်ခိုင်ဖြိုး အနိုင်ရနိုင်ခြေရှိနေပါတယ်။

သံတောင်ကြီးမြိ့နယ်မှာ ကရင်ပြည်သူ့ပါတီ KPP နှင့် NLD အပြိုင်အားကောင်းပါတယ် ။ သံတောင်ကြီးဟာ တပ်မြို့ဖြစ်ပြီးစစ်တပ်မဲအတော်များပါတယ်၊အတော်လေးကိုအရေးပါအဓိကကျပါတယ်။ဗိုလ်မှုးကြီးဟောင်းစောထွန်းအောင်မြင့်ဟာ ကရင်ပြည်သူ့ပါတီ KPP ရဲ့ ဥက္ကဌ ဖြစ်တဲ့အတွက် တပ်ရဲ့ထောက်ခံမှုရရှိထားသောကြောင့် KPPကနှာတစ်ဖျားသာနေပါတယ်။NLDနှင့် KPP အပြိုင်နွဲရမည့်မြို့နယ်ပါ။ ပါတီချင်းမတိမ်းမယိမ်းဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအရေးကြီးပါတယ်။

သံတောင်ကြီးမှာNLDပါတီကအမျိုးသားလွှတ်တော်မှာဝင်ပြိုင်မည့်နော်ခရစ်စထွန်းဟာ၁၉၈၈ကတည်းက ကျောင်းသူခေါင်းဆောင် ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း သံတောင်ကြီးကနေNLDကိုကိုယ်စားပြုပြီးပါဝင်ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။နော်ခရစ်စထွန်းရဲ့ပုဂ္ဂိုလ်ရေးဩဇာကြီးတဲ့အတွက် အမျိုးသားလွှတ်တော်နေရာအနိုင်ရရှိမယ်မျော်လင့်ပါတယ်။ပြည်သူ့လွှတ်တော်နေရာက NLD နှင့် KPPဘယ်သူနိုင်မလဲမသေချာသေးပါဘူး။

အားလုံးကိုခြုံငုံကြည့်ရင် ကရင်ပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော်အတွက် NLDရှုံးသွားနိုင်တာ ဖာပွန် ၂ နေရာနှင့်သံတောင်ကြီး၁နေရာပဲရှိပါတယ်။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွက် ပြည်ထောင်စုလွှတ်တော် ၁၉ နေရာအနက် NLD အနည်းဆုံး၁၇နေရာအနိုင်ရရှိပါမယ်။

မွန်ပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိနိုင်မှုက ၂၀၁၅ ရွေးကောက်ပွဲနှင့် အများကြီးကွာခြားသွားမှာမဟုတ်ပါဘူး။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ်မှာ NLD ရှုံးသွားတာလောက်ကိုကြည့်ပြီး မွန်ပြည်နယ်မှာ NLDအားမရှိတော့ဘူးထင်ရင်တော့အစကနေအဆုံးအထိကိုလွဲပါတယ်။

မွန်ပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်၊ ပြည်သူလွှတ်တော် ၁၀ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာ၊ စုစုပေါင်းပြည်ထောင်စုလွှတ်တော်မှာ၂၂နေရာရှိပါတယ်။

မော်လမြိုင် နှင့် ရေးမြို့နယ်တွေမှာ အမျိုးသားလွှတ်တော် ၂ နေရာစီ နှင့် ပြည်သူ့လွှတ်တော် ၁ နေရာစီရရှိပါတယ်။ ကျန်မြို့နယ်တွေမှာအမျိုးသားလွှတ်တော်၁နေရာနှင့်ပြည်သူ့လွှတ်တော်၁နေရာစီရရှိပါတယ်။

မွန်ပြည်နယ်အောင်နိုင်ရေးကိုအလွယ်ဆုံးအရှင်းဆုံးတင်ပြရလျှင်မော်လမြိုင်၊ကျိုက်မရောအထိအထက်ပိုင်းတစ် ဝက်က၁၉၉၀ကစတင်ပြီးNLDအစဉ်အဆက်အောင်နိုင်ခဲ့တဲ့နေရာတွေပါ။၂၀၁၅လည်းနိုင်ခဲ့ပါတယ်၊၂၀၂၀.လည်းဆက်နိုင်ပါဦးမယ်။အပြတ်အသတ်နှင့်ဆက်နိုင်မှာပါ။

အဲ့ဒီဒေသက ကချင်ပြည်နယ်က မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်၆ မြို့နယ်လိုပါပဲ၊ ပြည်နယ်ထဲမှာပါဝင်နေပေမယ့် မြေပြန့်သဘာဝအပြည့်နှင့်ဖြစ်ပါတယ်။ NLD အလွန် အားကောင်းပြီး NLD မှ NLD နေရာတွေပါ။
သထုံ၊ဘီးလင်း၊ကျိုက်ထို၊ပေါင်၊မော်လမြိုင်၊ကျိုက်မရော၊၆မြို့နယ်ပါ။

အဲ့ဒီမြို့နယ်တွေမှာမွန်လူဦးရေအလွန်နည်းပါတယ်၊သထုံ၊ဘီးလင်းဆိုရင်မွန်လူဦးရေမရှိသလောက်ပါ။မွန်ပါတီတွေလည်းဝင်မပြိုင်ခဲ့ကြပါဘူး။

မော်လမြိုင်တောင် ပိုင်းက ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး ၊ စုစုပေါင်း ၄ မြို့နယ်ကျန်ပါတယ်။ အစဉ်အဆက် NLD မှNLDပဲဖြစ်တဲ့သဲဖြူဇရပ်ကNLDအပြတ်အသတ်ဆက်နိုင်မှာပါ။

ရေးမြို့နယ် မှာအမျိုးသားလွှတ်တော် ၂ နေရာ ရှိသည့်အနက်၊ ရေးမြို့နယ်တစ်ခြမ်းအမျိုးသားလွှတ်တော်နေရာကို NLDလွှတ်လွှတ်ကင်းကင်းနိုင်မှာပါ။

မုဒုံမြို့နယ်မှာ ပြိုင်ဆိုင်မှုပြင်းထန်ပါမယ်၊ မုဒုံ အမျိုးသားလွှတ်တာ် နှင့် ပြည်သူ့လွှတ်တော် ၂ နေရာလုံးကို NLD အောင်နိုင်ဖို့၈၀ရာခိုင်နှုန်းသေချာပါတယ်။

အဲ့ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အောင်နိုင်ဖို့သေချာတဲ့နေရာစုစုပေါင်းဟာ ပြည်ထောင်စုလွှတ်တော် ၂၂ နေရာမှာ၁၈နေရာရှိပါတယ်။

ချောင်းဆုံ ၂ နေရာနှင့် ရေးမှာကျန်တဲ့ ၂ နေရာရဲ့ အဖြေကိုပဲ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာစောင့်ကြည့်ရမှာပါ။

ရေးမြို့နယ်ပြည်သူ့လွှတ်တော်နေရာမှာ၂၀၁၅ရွေးကောက်ပွဲမှာမွန်၂ ပါတီ ခွဲပြိုင်လို့သာ မွန်ပါတီတွေရှုံးနိမ့်ခဲ့တာပါ။ ၂၀၂၀ မှာ ရေးပြည်သူလွှတ်တော်နေရာကို မွန် ၂ ပါတီပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီနိုင်ဖို့များပါတယ်။

ရေးမြိုနယ်တစ်ခြမ်းကအမျိုးသားလွှတ်တော်နေရာလည်းမွန်ညီညွတ်ရေးပါတီအောင်နိုင်ခြေများပါတယ်။

ချောင်းဆုံပြည်သူ့လွှတ်တော်နေရာနှင့်အမျိုးသားလွှတ်တော်နေရာ၊စုစုပေါင်း၂နေရာမှာဘယ်သူအောင်နိုင်မလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းပိတ်ကားထက်မှာပဲဆက်ကြည့်ရမှာပါ။

အဆိုးဆုံးအခြေအနေမှာ ပြည်ထောင်စုလွှတ်တော်အတွက် မွန်ပြည်နယ် ၂၂ နေရာအနက် ၁၈ နေရာ NLD အနိုင်ရမှာပါ။ နေရာ ၂၀ ဖြစ်သွားနိုင်ခြေလည်းရှိပါတယ်။

ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ပြည်နယ်ိုနှိုင်းယှဉ်လေ့လာမှု။

ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ပြည်နယ်သုံးခုကိုနှိုင်းယှဉ်လေ့လာတဲ့အခါအောက်ပါအချက်များကိုသတိထားမိပါတယ်။

ကယားပြည်နယ်မှာပြည်နယ်အစီုးရအဖွဲ့၊ ပြည်နယ်ပါတီကိုအားမရပါဘူး။ ပြိုင်ဖက်ပါတီအနေနှင့် ဒေသခံပါတီ KySDP နှင့် ပြည်ခိုင်ဖြိုးရှိပါတယ်။ ပြည်ခိုင်ဖြိုးက ဘောလခဲမှာ အားကောင်းပြီး KySDP က ဒီမော့ဆို၊ ဖရူဆို၊ ရှားတောမှာအားကောင်းပါတယ်။ NLD က လျွှိုင်ကော်၊ မယ်စဲ့၊ ဖားဆောင်းမှာ အလွန်အားကောင်းပါတယ်။ ဒီမော့ဆို၊ဖရူဆီု၊ရှားတောမှာNLDဟာKySDPနှင့်အပြိုင်အားကောင်းပါတယ်။အဓိကကျတဲ့ဒေသခံလူထုအနေအထားကိုသေသေချာချာတိတိကျကျမသိနိုင်သေးပါဘူး။

ဒါကြောင့် NLD ကို ကယားပြည်နယ်ရဲ့ ပြည်ထောင်စုလွှတ်တော် ၁၉ နေရာမှာ ၁၂ နေရာအောင်နိုင်ခြေရှိတယ် လို့မယုတ်မလွန်ခန့်မှန်းထားပါတယ်။

မွန်ပြည်နယ်၊ကရင်ပြည်နယ်တွေမှာပြည်နယ်လူထုကနိုင်ငံရေးနိုးကြားမှုပြင်းထန်တယ်။ဒေသစွဲ၊လူမျိုးစွဲအမြင် ထက်စစ်အာဏာရှင်တွေနှင့်သူတို့ရဲ့အပေါင်းအပါတွေအားကောင်းသွားမှာကိုစီုးရိမ်ကြတယ်။

မွန်ပြည်နယ်မှာပြိုင်ဖက်ပါတီအနေနှင့် မွန်ညီညွတ်ရေးပါတီပဲရှိပါတယ်၊ ပြည်ခိုင်ဖြိုးကိုထည့်တွက်စရာ မလိုပါဘူး။ မွန်ညီညွတ်ရေးပါတီဟာရေး၊မုဒုံ၊ချောင်ဆုံမှာပဲအားကောင်းပါတယ်။NLDကတစ်ပြည်နယ်လုံးအားကောင်းပါ တယ်။ရေး၊မုဒုံ၊ချောင်းဆုံမှာလည်းမွန်ညီညွတ်ရေးပါတီနှင့်အပြိုင်အားကောင်းပါတယ်။

ဒါကြောင့်ပဲ မွန်ပြည်နယ်အစီုးရ၊ မွန်ပြည်နယ်ပါတီကိုအားသိပ်မရသော်လည်းမွန်ပြည်နယ်မှာ စီုးရိမ်စရာမြို့နယ် အဖြစ် NLD နှင့် MUP အပြိုင်အားကောင်းနေတဲ့ရေး၊ မုဒုံနှင့် ချောင်းဆုံ ပဲရှိတယ်လို့တွကထုတ်လို့ရတယ်။ မုဒုံ ပြည်ထောင်စု ၂ နေရာလုံး နှင့် ရေး အမျိုးသားလွှတ်တော် ၁ နေရာ အောင်နိုင်ဖို့များတဲ့အတွက် ပြည်ထောင်စုအဆင့် ၂၂ နေရာအနက် အနည်းဆုံး ၁၈ နေရာနိုင်ပါမယ်။ ရေး လက်ကျန် ၂ နေရာ နှင့် ချောင်းဆုံပဲရှုံးသွားနိုင်ခြေရှိတာပါ။နေရာ၂၀အနိုင်ရတာလည်းဖြစ်နိုင်ပါတယ်။

ချင်းပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

ချင်းပြည်နယ်မှာ NLD၊ ပြည်ခိုင်ဖြိုး၊ CNLD၊ ZCD ပါတီလေးပါတီဟာ အားအကောင်းဆုံးပြိုင်ဖက်တွေပါ။

ZCD ဆိုတာာကတော့ Zomi Congress for Democracy ပါ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီပါ။ ZCD ခေါင်းဆောင်ပူးကျင်ရှင်းထန်ဟာCRPPအဖွဲဝင်လည်းဖြစ်ခဲ့ပါတယ်။

CNLDကတော့၂၀၁၀ရွေးကောင်ပွဲအနိုင်ရပါတီတွေဖြစ်တဲ့ပူးဇိုဇမ်ခေါင်းဆောင်တဲ့CNDPရယ်၊ပူးနိုထန်ကပ်ခေါင်းဆောင်တဲ့CPPရယ်၊၂၀၁၈ကြားဖြတ်အနိုင်ရပါတီဖြစ်တဲ့ပူးငိုင်ဆာ့တ်ဦးဆောင်တဲ့CLDရယ်၊၃ပါတီပေါင်းထားတာပါ။

ချင်းပြည်နယ်မှာ တွန်းဇံ၊ တီးတိန်၊ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူမီ၊မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ် ၉မြို့နယ်ရှိပါတယ်။ပြည်သူ့လွှတ်တော်၉နေရာရှိပြီး၊အမျိုးသားလွတ်တော်၁၂နေရာရှိပါတယ်။

တီးတိန်၊ ဟားခါး၊ ပလက်ဝ မြို့နယ် ၃ မြို့နယ်မှာ အမျိုးသားလွှတ်တော် ၂ နေရာနှင့်ပြည်သူ့လွှတ်တော် ၁ နေရာစီရရှိပြီး၊ ကျန်မြို့နယ်တွေမှာ အမျိုးသားလွီတ်တော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာစီရရှိပါတယ်။

ချင်းပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီဟာ တီးတိန် နှင့် တွန်းဇံ ၂ မြို့နယ် ကလွဲလို့ပြည်ထောင်စုလွှတ်တော် နေရာအားလုံးကိုအနိုင်းခဲ့ပါတယ်။ ပြည်ထောင်စုအဆင့် ၂၁ နေရာမှာ ၁၆ နေရာအနိုင်ရရှိခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိနိုင်ခြေနှင့်ပက်သက်ပြီး အမျိုးအစား ၄ မျိုးခွံခြားသတ်မှတ်လို့ရပါတယ်။

အမျိုးအစား A – ဟားခါးမြို့နယ် ၊ ဖလမ်းမြို့နယ် နှင့် ပလက်ဝမြို့နယ် တို့ဖြစ်ပါတယ်။ ဟာခါးမြို့နယ် နှင့်် ဖလမ်းမြို့နယ်မှာ NLD အနိုင်ရရှိရန်အပြည်အဝသေချာသောမြို့နယ် ၂ မြို့နယ်ဖြစ်ပါတယ်။ အဓိကပြိုင်ဖက်ပါတီတွေက ပြည်ခိုင်ဖြိုးနှင့် CNLD ဖြစ်ပါတယ်။ ပြိုင်ဖက်ပါတီဟုခေါ်ဆိုသော်လည်း ထိုနှစ်မြို့နယ်မှာ NLD ကို ယှဉ်ပြိုင်အနိုင်ယူလောက်သည့်အနေအထားမရှိပါ။NLD ပါတီကပြိုင်ဖက် ၂ပါတီထက်အများကြီးသာလွန်အားကောင်းပါတယ်။ NLD ကပြိုင်ဖက်ကင်းပုံစံဖြစါနေပါတယ်။ ဒါကြောင့် အမျိုးအစား A သတ်မှတ်တာပါ။ဟားခါးနှင့်ဖလမ်းပြည်သူလူထုက NLD ကိုအပြတ်အသတ်ထောက်ခံကြပါတယ်။

ပလက်ဝမြို့နယ်မှာNLDအားအလွန်ကောင်းပါတယ်၊အနိုင်ရရှိရန်သေချာပါတယ်။AAအဖွဲ့အနှောက်အယှက်ရှိနိုင်ပါတယ်။အဓိကတစ်ခြားပါတီတွေအနေနှင့်ရခိုင်အမျိုးသားပါတီနှင့်ခူမီးအမျိုးသားပါတီတို့ရှိသော်လည်း NLD ရဲ့ပြိုင်ဖက်အနေအထားမဟုတ်ပါ။NLD ကပြိုင်ဖက်ကင်းနေတဲ့ပုံစံဖြစ်ပါတယ်။ အမျိုးအစားAဖြစ်ပါတယ်။

အမျိုးအစား B -ထန်တလန်မြို့နယ် နှင့် မင်းတပ် တို့ဖြစ်ပါတယ်။ NLDအားကောင်းပြီး အနိုင်ရရှိရန်သေချာသည့်မြို့နယ် ၂ မြို့နယ်ဖြစ်ပါတယ်။ အမျိုးအစား A မြို့နယ် ၃ မြို့နယ်က ပြိုင်ဖက်ကင်းအနေအထားဖြစ်သော်လည်း ထန်တလန် နှင့် မင်းတပ်မှာ ပြိုင်ဖက်ပါတီအနေနှင့် ပြည်ခိုင်ဖြိုးရှိနေပါတယ်။ သို့သော် NLD က အားပိုကောင်းပြီးအနိုင်ရဖို့သေချာနိုင်သည့်အတွက် အမျိုးအစား B သတ်မှတ်ရခြင်းဖြစ်ပါတယ်။

ဒုတိယသမ္မတကြီးဦးဟင်နရီဗန်ထီးယူရဲ့ထန်ထလန်မြို့နယ်မှာဒုသမ္မတကြီးပါဝင်ယှဉ်ပြိုင်မည့်အမျိုးသားလွှတ် တော်နေရာမှာအေးဆေးစွာအနိုင်ရမှာပါ၊ထန်ထလန်ပြည်သူုဍ့လွှတ်တော်နေရာမှာအနိုင်ရရှိရန်သေချာသော်လည်းပြိုင်ဖက်ပြည်ခိုင်ဖြိုးပါတီကလည်းအားကောင်းတဲ့အတွက်သေသေချာချာယှဉ်ပြိုင်ရမှာပါ။အဓိကပြိုင်ဖက်အ နေနှင့်ပြည်ခိုင်ဖြိုးပါတီပဲရှိပါတယ်။ထန်ထလန်မြို့နယ်ဟာNLDအစီုးရလက်ထက်ခုန်ပျံကျော်လွှားတိုးတက်သွားတဲ့မြို့နယ်ပါ။

မင်းတပ်မြို့နယ်ကလည်းထန်တလန်မြို့နယ်လိုပါပဲ၊ NLD အနိုင်ရမည့်မြို့နယ်ပါ။ပြိုင်ဖက်ပြည်ခိုင်ဖြိုးပါတီက အားကောင်းတဲ့အတွက်အမျိုးအစားBမှာထည့်သွင်းရခြင်းဖြစ်ပါတယ်။

အမျိုးအစား C – အကြိတ်အနယ်ယှဉ်ပြိင်ရမှာပါ။ မတူပီမြို့နယ် နှင့် ကန်ပက်လက်မြို့နယ် တို့ဖြစ်ပါတယ်။ နှစ်မြို့နယ်စလုံးမှာ NLD ဟာ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပတ်လက်အနိုင်ရရှိခဲ့ပါတယ်၊မတူပီရှုံးနိမ့်ပါတယ်။

ကန်ပတ်လက်မြို့နယ်မှာပြိုင်ဖက်ပြည်ခိုင်ဖြိုးပါတီကNLD နှင့်အတူတူလောက် အားကောင်းပါတယ်၊ CNLD ကလည်းပြည်ခိုင်ဖြိုးနှင့်အတူတူလောက်အားကောင်းပါတယ်။NLDအနိုင်ရနိုင်ခြေများသော်လည်းဖလမ်း၊ဟားခါး၊ပလက်ဝ၊ထန်ထလန်၊မင်းတပ်မြို့နယ်များကိုမမှီသည့်အတွက်အဆင့်Cပေးရခြင်းဖြစ်ပါတယ်။

မတူပီမြို့နယ်၂၀၁၅ ရွေးကောက်ပွဲမှာ နေရာအားလုံးNLD အနိုင်ရရှိခဲ့ပါတယ်။ သို့သော်ပြိုင်ဖက် CNLD ကလည်းNLDနှင့်အလားတူအားကောင်းပါတယ်။ပြည်ခိုင်ဖြိုးပါတီကသိပ်အားမကောင်းပါဘူး။

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲမှာချင်းတစ်ပါတီထည်းပါဝင်ယှဉ်ပြိုင်ပြီးပြည်ခိုင်ဖြိုးပါတီမှလည်းပံ့ပိုးပေးသည့်အတွက် လစ်လပ်သည့်နေရာမှာ NLD ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဖက်က CNLD ဖြစပါတယ်။ NLD ပါတီဟာမတူပီမြို့နယ်ရှိ ပြည်ထောင်စုလွှတ်တော်နေရာ ၂ ခုလုံး အနိုင်ရရှိနိုင်ပါတယ်။ အကယ်၍ ခြေချော်လက်ချော်ဖြစ်ခဲ့လျှင်၁နေရာအနိုင်ရဖို့သေချာပါတယ်။

အမျိုးအစား D – တီးတိန်မြို့နယ်၊တွန်းဇံမြို့နယ်တို့ဖြစ်ပါတယ်။NLD၊ZCD နှင့် ပြည်ခိုင်ဖြိုး တို့အပြိုင် အား ကောင်းပါတယ်။တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်နှင့်တီးတိန်အနောက်ခြမ်းအမျိုးသားလွှတ်တော်နေရာတို့အ တွက်ZCDကပိုအားကောင်းပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာတီးတိန်မြို့နယ်မှာNLD၀င်မပြိုင်ခဲပါဘူး။ZCDပူးရှင်ကျင်းထန်၀င်ပြို်မှာမိုပါ။တွန်းဇံမြို့ နယ်မှာNLD ရှုံးနိမ့်ခဲ့ပါတယ်။တွန်းဇံပြည်နယ်လွှတ်တော် ၁ နေရာသာ အနိုင်ရရှိပါတယ်။ ဒ့ကြောင့်အမျိုးအစား D သတ်မှတ်တာပါ။

တီးတိန်နှင့်တွန်းဇံမှာအဓိကအနိုင်ရရှိခဲ့တာကZCDဖြစ်ပါတယ်။ပြည်ခိုင်ဖြိုးပါတီကတီးတိန်အရှေ့ခြမ်းအမျိုးသားလွှတ်တော်နေရာကိုအနိုင်ရရှိပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာတီးတိန်မြို့နယ်မှာရှိတဲ့ပြည်ထောင်စုလွှတ်တော်၃နေရာအနက်တီးတိန်အရှေ့ပိုင်းအမျိုးသားလွှတ်တော်နေရာကိုNLDအနိုင်ရရှိနိုင်ပါတယ်။

တွန်းဇံမြို့နယ်မှာ၂၀၁၅ရွေးကောက်ပွဲမှာNLDပြည်နယ်လွှတ်တော်၁နေရာသာအနိုင်ရရီိပြီးကျန်နေရာများရှုံးနိမ့်ခဲ့သော်လည်း အနိုင်ရရှိခဲ့သော ZCD နှင့်မဲရလဒ်ကအပြတ်အသတ်မကွာကြပါ။ တွန်းဇံမြို့နယ်မှာ NLDပါတီဟာ ZCDနှင့်အလားတူအားကောင်းပြီး၂၀၂၀ရွေးကောက်ပွဲအတွက်ပြည်ထောင်စုလွှတ်တော်၂နေရာလုံးအနိုင်ရရှိနိုင်ပါတယ်။အနည်းဆုံး၁နေရာအနိုင်ရရှိမယ်လို့ခန့်မှန်းပါတယ်။

အားလုံးကိုခြုံကြည့်လျှင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ချင်းပြည်နယ်ရှိ ပြည်ထောင်စုလွှတ်တော် ၂၁ နေရာအနက် ၊

၁။ ဖလမ်း၊ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ပလက်ဝ၊ မြို့နယ် ၅ မြို့နယ်ရှိပြည်ထောင်စုလွှတ်တာ် ၁၂ နေရာလုံး NLDအနိုင်ရရှိပါမယ်။

၂ ။ ကန်ပက်လက်၊ မတူပီ မြို့နယ် ၂ မြို့နယ်ရှိ ပြည်ထောင်စုလွှတ်တော် ၄ နေရာမှာ ၄ နေရာလုံးအနိုင်ရရှိနိုင်ခြေများပါတယ်။ သိုသော် မယုတ်မလွန်စဉ်းစားပြီး အခြေအနေမလှဖြစ်မှုကိုတွက်ထားပါက အဆိုးဆုံးဖြစ်ခဲ့လျှင် ပြည်ထောင်စုလွှတ်တော် ၄ နေရာမှာ ၂ နေရာအနည်းဆုံးအောင်နိုင်ပါတယ်။

၃ ။
(က)တီးတိန်မြို့နယ်ရှိပြည်ထောင်စုလွှတ်တော်၃နေရာမှာNLDကပြည်သူလွှတ်တော်နှင်တီးတိန်အရှေ့ခြမ်းအမျိုးသားလွှတ်တော်နေရာအနိုင်ရရှိနိုင်ပါတယ်။သို့သော်NLDအတွက်အဆိုးဆုံးအခြေအနေကိုစဉ်းစားပြီးထည့်မတွက်တော့ပါ။
(ခ ) တွန်းဇံမြို့နယ်ရှိ ပြည်ထောင်စုလွှတ်တော် ၂ နေရာမှာ ၂ နေရာလုံးအောင်နိုင်ခြေရှိပါတယ်။ သို့သော် အဆိုးပခြေအနေကိုတွက်ဆပြီးပြည်ထောင်စုလွှတ်တော်၂နေရာမှာ၁နေရာသာအနိုင်ရရှိနိုင်မယ်လို့ထည့်သွင်းစဉ်းစားပါမယ်။

ဒါကြောင့်အဆီုးဆုံးအခြေအနေမှာ ချင်းပြည်နယ်ရှိပြည်ထောင်စုလွှတ်တော် ၂၁ နေရာအနက် NLD က ၁၅ နေရာအနိုင်ရရှိပါမယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်တဲ့ ချင်းပြည်နယ်ဟာ NLD အစီုးရ ၅ နှစ်တာကာလသက်တမ်းအတွင်း အံ့မခန်းတိုးတက်ဖွံ့ဖြိုးမှုကိုခံစားကြရပါတယ်။

လမ်းပန်းဆက်သွယ်ရေးဟာမြေပြန့်ဒေသကိုလိုက်မှီနိုင်လောက်နီးပါးကောင်းမွန်တိုးတက်ခဲ့ပါတယ်။ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုများသည်လည်းမြင့်မားတိုးတက်ခဲ့ပါတယ်။တစ်ချိန်ကမဖြစ်နိုင်ဖူးလို့ယူဆခဲ့ကြတဲ့ လေယဉ်ကွင်းကြီးကိုလည်းတည်ဆောက်ပြီးစီးပါပြီ။

NLDအစီုးရဟာဦးသိန်းစိန်အစီုးရထက်ဘက်ဓျက်၁၄၅ရာခိုင်နှုန်းတိုးမြင့်သုံးစွဲခဲ့လို့သာအခုလိုတိုးတက်ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုဖွံဖြိုးတိုးတက်မှုတွေကြောင့်ချင်းပြည်နယ်မှာပြည်သူလူထုကNLDကိုထောက်ခံမှုနှုန်းမြင့်မားလာခဲ့ပါတယ်။

ဒါကြောင့်ချင်းပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီ ၁၀၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁ နေရာမှာ ၂၁ နေရာလုံးအောင်နိုင်မှုကိုမျော်လင့်နိုင်ပါတယ်။တီးတိန်မြို့နယ်အနောက်ခြမ်းအမျိုးသားလွှတ်နေရာကတော့အောင်နိုင်ခြေအနည်းဆုံးဖြစ်ပါတယ်။

အဆိုးဝါးဆုံးအခြေအနေမှာချင်းပြည်နယ်ပြည်ထောင်စုလွှတ်တော်၂၁နေရာအနက်NLDဟာ၁၅နေရာအနိုင်ရရှိမှာ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ်နှင့်၂၀၂၀.ရွေးကောက်ပွဲ။

ဘူးသီးတောင်၊မောင်တော၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊မြောက်ဦး၊ကျော်တော်၊မင်းပြား၊မြေပုံ မြို့နယ် ၉ မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့၁၇-၁၀-၂၀၂၀ရက်နေ့ မှာရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်တဲ့အတွက်မြို့နယ်၁၇မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာ၈မြို့နယ်ကိုပဲ၂၀၂၀ရွေးကောက်ပွဲကျင်းပနိုင်ပါတော့မယ်။

အဲ့ဒါကြောင့် ပြည်သူ့လွှတ်တော် ၉ နေရာနှင့် အမျိုးသားလွှတ်တော် ၇ နေရာ စုစုပေါင်းပြညါထေင်စုလွှတ်တော် ၁၇နေရာအတွက်ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်တော့ပါဘူး။

ရွေးကောက်ပွဲကျင်းပနိုင်မည့် ၈ မြို့နယ်ကျန်ရှိတဲ့အတွက် ပြည်သူ့လွှတ်တော် ၈ နေရာကျန်ရှိပါတယ်။ အမျိုးသားလွှတ်တော်အနေနှင့်
၁။စစ်တွေ၁နေရာ။
၂။အန်းမြို့နယ်၁နေရာ။
၃။ကျောက်ဖြူ၊ရမ်းဗြဲ၊မာန်အောင်၊၃မြို့နယ်ပေါင်း၁နေရာ။
၄။တောင်ဂုတ်မြို့နယ်၁နေရာ။
၅။သဲတွဲ၊ဂွ၊နှစ်မြို့နယ်ပေါင်း၁နေရာ။
စုစုပေါင်းအမျိုးသားလွှတ်တော်၅နေရာကျန်ရှိပါတယ်။

ဒါကြောင့်ပြည်ထောင်စုလွှတ်တော်မှာ၁၃နေရာကျန်ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာအဆိုပါ ၁၃ နေရာအနက် ရခိုင်အမျိုးသားပါတီက စစ်တွေ၊ ကျောက်ဖြူ၊ရမ်းဗြဲ ပြည်သူ့လွှတ်တော် ၃ နေရာအနိုင်ရရှိပြီး၊ အမ်းပြည်သူ့လွှတ်တော်နေရာကို ပြည်ခိုင်ဖြိိုးပါတီက ၅၀၅မဲအကွာနှင့် ရခိုင်အမျိုးသားပါတီကိုနိုင်ခဲ့ပါတယ်။ အမ်းအမျိုးသားလွှတ်နေရာကို ရခိုင်အမျိုးသားပါတီက ဆန္ဒမံ အကွာနှင့် ပြည်ခိုင်ဖြိုးပါတီကိုအနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့တဲ့ မာန်အောင်၊ တောင်ဂုတ်၊ သဲတွဲ၊ ဂွမြို့နယ်တို့ကိုကြည့်လျှင်၊

မာန်အောင်မြို့နယ်မှာ NLD က ဆန္ဒမဲ ၄၃.၇၄ % ရရှိပြီး၊ ရခိုင်အမျိုးသားပါတီက ၂၁.၇၈ % ရရှိပါတယ်။
တောင်ဂုတ်မြို့နယ်မှာ NLD.ကဆန္ဒမဲ ၄၁.၅၆ % ရရှိပြီး၊ ရခိုင်အမျိုးသားပါတီက ၂၁.၇၄ % ရရှိပါတယ်။
သံတွဲမြို့နယ်မှာ NLDကဆန္ဒမဲ ၃၆.၉၅ % ရရှိပြီး ရခိုင်အမျိုးသားပါတီက ၂၈.၀၀ % ရရှိပါတယ်။
ဂွမြို့နယ်မှာ NLDက ၆၂.၇၃% ရရှိပြီး ရခိုင်အမျိုးသားပါတီက ၂၁.၃၃ % ရရှိပါတယ်။
တောင်ဂုတ်၊သံတွဲ၊ဂွ ပေါင်းထားတဲ့အမျိုးသားလွှတ်တော်မှာ NLDက မဲဆန္ဒ ၄၄.၅၀ % ရရှိပြီး ရခိုင်အမျိုးသားပါတီက၂၃.၅၄%ရရှိပါတယ်။

မာန်အောင်၊ တောင်ဂုတ်၊ သံတွဲ၊ ဂွ ၊လေးမြို့နယစလုံးမှာ NLD က ဆန္ဒမဲ ၂၀ % ဝန်းကျင်အကွာနှင့် အနိုင်ရရှိခဲ့တာတွေရမှာဖြစ်ပါတယ်။မဲအပြတ်အနိုင်ရခဲ့တာပါ။

အဲ့ဒီ၄မြို့နယ်မှာNLDပါတီဟာအားအလွန်ကောင်းပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း ဆက်လက် အနို် ရရှိ ဦးမှာပါ။

ဒါကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မာန်အောင်၊ တောင်ဂုတ်၊ သံတွဲ၊ ဂွ ပြည်သူ့လွှတ်တော်၄နေရာနှင့်တောင်ဂုတ်အမျိုးသားလွှတ်တော် ၁ နေရာနှင့် သဲတွဲ၊ ဂွပေါင်း အမျိုးသားလွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ အနိုင်ရရှိမှာဖြစ်ပါတယ်။ စုစုပေါင်းပြည်ထောင်စုလွှတ်တော် ၆ နေရာ NLD ကအနိုင်ရရှိမှာဖြစ်ပါတယ်။


ရှမ်းပြည်နယ်နှင့်၂၀၂၀ရွေးကောက်ပွဲ။

ရှမ်းပြည်နယ်တွင် ၅၅ မြို့နယ်ရှိပါသည်။ ပြည်သူ့လွတ်တော် ၅၅ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာရှိပါသည်။၁၇-၁၀-၂၀၂၀ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်၆မြို့နယ်ရှိပါသည်။

ရှမ်းပြည်နယ်မှာပြည်သူ့လွှတ်တော် ၆ နေရာဆုံးရှုံးခဲ့သည်ဟုတင်မှတ်စရာရှိသော်လည်း ဝနယ်ဒေသများနှင့် မိုင်းလားအထူးဒေသသည်အစဉ်အဆက်ရွေးကောက်ပွဲမကျင်းပနိုင်သဖြင့်တစ်မြို့နယ်သာရွေးကောက်ပွဲမကျင်းပနိုင်ဟုမှတ်ယူရပါမည်။အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များမှာကျယ်ပြန့်လှသဖြင့်မဲဆန္ဒနယ်တစ်ခုလုံးရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာမရှိပါ။

ရှမ်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ် ၇ မြို့နယ်ရှိရာ ဝ ဒေသ ၄ မြို့နယ် ၊ မိုင်းလားအထူးဒေသ ၁ မြို့နယ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA ရှိရာ ကျေးသီးမြို့နယ်၊ မိုင်းရှုးမြို့နယ်တို့ဖြစ်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်၂၀၁၅ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည် ကျေးသီး၊ မိုင်းရှုးတို့ရွေးကောက်ပွဲကျင်းပနိုင်ပြီး ၊ ၂၀၁၅တွင်ရွေးကောက်ပွဲကျင်းပနိုင်ခဲဲ့သောမိုင်းကိုင်မြို့နယ်တွင်ရွေးကောက်ပွဲမကျင်းပနိုင်ပါ။

ထို့ကြောင့် ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၄၉ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်၆၁နေရာရှိပါသည်။

ရှမ်းပြည်နယ်တွင် မြောက်ပိုင်း၌ ရှမ်း၊ ဝ၊တအာန်း( ပလောင်) ၊ ကိုးကန့်၊ ကချင်၊ လီဆူး၊ လော်ဝေါ် တို့အဓိကနေထိုင်ပါသည်။ တောင်ပိုင်းတွင် ရှမ်း၊ ပအိုးဝ်၊ ကယန်း၊ ဓနု ၊ အင်းသား များအဓိကနေထိုင်ကြပါသည်။ အရှေ့ပိုင်း၌ရှမ်း၊အာခါ၊လားဟူတို့အဓိကနေထိုင်ကြပါသည်။ ဗမာများသည်မြို့များအားလုံးတွင်နေထိုင်ကြပါသည်။

ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်များနှင့် တိုင်ရင်းသားတပ်မတော်များ ရှိ၍ ရွေးကောက်ပွဲများတွင် လွှမ်းမိုးနိုင်ကြပါသည်။ ထိုအပြင် ရှမ်း၊ ပအိုဝ်း၊ တအာန်း၊ တိုင်းရင်းသားများ၏အမျိုးသားရေးစိတ်မြင့်မားနေ၍ သူတို့၏သက်ဆိုင်သောပါတီများကိုသာအဓိကထောက်ခံကြပါသည်။

တပ်မတော်နှင့် တပ်မတော်လက်အောက်ခံ တိုင်းရင်းသား ပြည်သူစစ်များ လွှမ်းမိုးထားသော ဒေသများတွင် ပြည်ခိုင်ဖြိုးအနိုင်ရပါသည်။ရှမ်းပြည်နယ်တွင်တပ်မတော်တပ်ရင်းတပ်ဖွဲ့အများဆုံးရှိ၍ပြည်သူ့စစ်အဖွဲ့များလည်းအများဆုံးဖြစ်သောကြောင့်ရှမ်းပြည်နယ်သည်ပြည်ခိုင်ဖြိုးအများဆုံးအနိုင်ရသောပြည်နယ်ဖြစ်ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း။

၁။
တအာန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော၊တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAဩဇာလွှမ်းမိုးနိုင်သော နမ့်ဆန် နှင့် မန်တုံ မြို့နယ် တို့နှင့် တအာန်းအများစုနေထိုင်ကြပြီး TNLA ဩဇာရှိသော နမ့်ခမ်းနှင့် ကွတ်ခိုင်အနောက်ခြမ်းတွင်တအာန်းအမျိုးသားပါတီTNPကိုသာထောက်ခံကြပါသည်။

ထို့ကြောင့်နမ့်ဆန်၊မန်တုံ၊နမ့်ခမ်းပြည်သူ့လွှတ်တော်များကိုTNPကအနိုင်ရရှိပါမည်။

ကွတ်ခိုင်နှင့်မူဆယ်ပြည်သူလွှတ်တော်နေရာများကိုတအာန်းအမျိုးသားပါတီအနိုင်မရနိုင်ပါ။

မူဆယ်သည်ရှမ်းအများစုနေရာဖြစ်သဖြင့်SNLDအနိုင်ရပါမည်။

ကွတ်ခိုင်သည်စစ်တပ်နယ်ဖြစ်သည့်အပြင်၊ပြည်သူ့စစ်များရှိပါသည်။တအာန်း(ပလောင်)တို့မှာကွတ်ခိုင်၏တစ်ခြမ်းကိုစီုးမိုးထားသော်လည်း၊ကွတ်ခိုင်တစ်မြို့နယ်လုံးအနေဖြင့်ပြည်ခိုင်ဖြိုးပါတီကသာအနိုင်ရရှိပါမည်။

နမ့်ဆန့်၊ မန်တုံ ၂ မြို့နယ်ပါသော အမျိုးသားလွှတ်တာ် ၁ နေရာ နှင့် နမ့်ခမ်း၊ ကွတ်ခိုင် ၊ မူဆယ် ၃ မြို့နယ်ပါသောအမျိုးသားလွတ်တော်၁နေရာ၊စုစုပေါင်း၂နေရာကိုTNPအနိုင်ရရှိပါမည်။စုစုပေါင်းပြည်ထောင်စု လွှတ်တော်၅နေရာTNPတအာန်းအမျိုးသားပါတီကရရှိပါမည်။

၂။
လောက်ကိုင်၊ ကုန်းကြမ်းကိုးကန့်ကိုယ်ပိုင်ခွင့်ရဒေသကိုတပ်မတော်လွမ်းမိုးထားပါသည်။ အဆိုပါ ၂ မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ၂ နေရာ နှင့် အမျိုးသားလွှတ်တော် ၁ နေရာ စုစုပေါင်းပြည်ထောင်စုလွှတ်တော် ၃ နေရာကို ပြည်ခိုင်ဖြိုးရရှိပါမည်။ ။

၃။
ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊မက်မန်း၊ပန်ဆန်း ၆ မြို့နယ်ပါဝင်သော ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်သောဟိုပန်နှင့်မက်မန်းတွင်ဝပါတီများနှင့်ပြည်ခိုင်ဖြိုးအနိုင်ရရှိပါမည်။စုစုပေါင်းပြည့်သူ့လွှတ်တော််၂နေရာ၊အမျိုးသားလွှတ်တော်၁နေရာရရှိပါမည်။

၄။ တန့်ယန်း၊ မိုင်းရယ်၊လားရှိုး၊ သိိန္နီ၊ ကွမ်လုံ ၊ ၅ မြို့နယ်ပါသော အမျိုးသားလွှတ်တော် ၁ နေရာကို SNLD ကရရှိပါမည်။

အဆိုပါမြို့နယ်ငါးခုအတွက်ရရှိသော ပြည်သူ့လွှတ်တော် ၅ နေရာတွင် ကွမ်းလုံသည်ကိုးကန့်အများစုဖြစ်သဖြင့် ပြည်ခိုင်ဖြိုး သို့မဟုတ် ကိုးကန့်ပါတီအနိုင်ရရှိနိုင်ပါသည်။ သိန္နီ၊မိုင်းရယ်၊ တန့်ယန်း ပြည်သူ့လွှတ်တော် ၃ နေရာသည်SNLD၏အမာခံနယ်မြေဖြစ်ပါသည်။ထို့ကြောင့်SNLDအနိုင်ရရှိပါမည်။

လားရှိုးပြည်သူ့လွှတ်တာ်နေရာကိုNLDနှင့်ပြည်ခိုင်ဖြိုးအပြိုင်လုရမည်ဖြစ်ပါသည်။

၅။သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မဘိမ်း၊မိုးမိတ်၊ နောင်ချို ၆ မြို့နယ်ပါဝင်သောအမျိုးသားလွှတ်တော် ၁ နေရာကို SNLD ကအနိုင်ရပါမည်။ သီပေါ၊ ကျောက်မဲ၊နမ္မတူပြည်သူ့လွတ်တော်နေရာများသည် SNLD ၏ အမာခံနယ်မြေများဖြစ်၍ SNLDကအနိုင်ရရှိမည်ဖြစ်ပါသည်။မန္တလေးတိုင်းဒေသကြီးနှင့်ကပ်လျက်ရှိသော မဘိမ်း၊မိုးမိတ်၊နောင်ချိုပြည်သူ့လွှတ်တော်၃နေရာကိုNLDအနိုင်ရရှိပါမည်။

ထိုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်NLDသည်ပြည်သူ့လွှတ်တော်၃နေရာသို့မဟုတ်၄နေရာအနိုင်ရရှိနိုင်ပါ သည်။

ရှမ်းပြည်နယ်တောင်ပိုင်း။

၁။ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း ၊ ၃ မြို့နယ်ပါဝင်သော ပအို့ဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတိတော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော် ၃ နေရာလုံးကို ပအို့ဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကအနိုင်ရရှိပါမည်။

၂။ ပင်းတယ၊ ရွာငံ ၊ ၂ မြို့နယ်ပါဝင်သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော်၂နေရာကိုNLDအနိုင်ရရှိရန်အလားအလာအလွန်များပါသည်။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းစဝ်အောင်မြတ်၏နေရာဖြစ်၍ပြည်ခိုင်ဖြိုးပါတီကလည်းအားကောင်းပါသည်၊သို့သော် NLD ကပိုအား ကောင်း ပါသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်ထောင်စုလွှတ်တော် ၃ နေရာလုံး NLD အနိုင်ရရှိနိုင်ပါသည်။

၃။ ရပ်စောက်၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ ၊ ၅ မြို့နယ်ပါဝင်သောအမျိုးသားလွှတ်တော် ၁ နေရာ နှင့် ပြည်သူ့လွှတ်တော် ၅ နေရာကို NLD ကအနိုင်ရရှိနိုင်ပါသည်။ ရပ်စောက်သည်စစ်တပ်နယ်မြေဖြစ်၍ ၂၀၁၅ တွင်ပြည်ခိုင်ဖြိုးအနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ တောင်ကြီးကိုလည်း ၂၀၁၅တွင် NLD ကပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ရပ်စောက် နှင့်တောင်ကြီးတွင် NLD အားပိုကောင်းလာ၍ ၂၀၂၀ တွင် NLD အနိုင်ရမည်ခန့်မှန်းပါသည်။

၄။ မိုင်းကိုင်၊လင်းခေး၊ကျေးသီး၊ မိုင်းရှုး၊လျွိင်လင်၊ နမ့်စန်၊ကွန်ဟိန်း၊မိုးနဲ၊ မောက်မယ်၊ လဲချား၊ မိုင်းပန် ၊ မြို့နယ် ၁၁ မြို့နယ်ပါဝင်သောအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကိုSNLDအနိုင်ရရှိပါမည်။SNLDအားအလွန်ကောင်းသောမိုင်းကိုင်တွင်ရွေးကောက်ပွဲမကျင်းပဖြစ်ပါ။SNLDအမာခံနယ်များဖြစ်သောလင်းခေးကျေးသီး၊မိုင်းရှုး၊ ကွန်ဟိန်း၊မိုးနဲ၊လဲချားတို့တွင်SNLDအနိုင်ရရှိပါမည်။

လျွိင်လင်၊နမ့်စန် ၊ မောက်မယ်၊ မိုင်းပန်တို့တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအနိုင်ရခဲ့ပါသည်။ ထိုသို့ ပြည်ခိုင်ဖြိုးအနိုင်ရရှိသွားခြငးမှာ မနိုင်သင့်ပဲနိုင်သွားခြင်းဖြစ်ပါသည်။၂၀၂၀ ရွေးကောက်ပ ွဲတွင် မက်မန်း မှ လွဲ ၍SNLDအနိုင်ရရှိနိုင်ပါသည်။အဆိုပါ၄မြို့နယ်တွင်SNLDအားကောင်း၍NLDလည်းအထိုက်အလျောက်အားကောင်းပါသည်။နမ့်စမ်တွင်NLDအတော်ပင်အားကောင်းပါသည်။

အဆိုပါ ၄ မြို့နယ်တွင် NLD နှင့် SNLD ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ လျွိင်လင်၊ မောက်မယ်၊မိုင်းပန်တို့တွင် NLD ထောက်ခံသူများသည် SNLD အားစုပေါင်းထောက်ခံမဲပေးခြင်းကိုပြုလုပ်သင့်ပါသည်။ ထို့အတူ နမ့်စန်တွင် NLD ကို SNLD မှဝန်းရံသင့်ပါသည်။ထိုသို့ဆိုလျှင်ပြည်ခိုင်ဖြိုးပါတီအရှုံးကြီးရှုံးသွားပါလိမ့်မည်။ ထို့အတူ NLD နှင့်SNLDလည်းဆက်ဆံရေးကောင်းမွန်သွားပါမည်။

လက်ရှိအနေအထားအတိုင်းသုံးသပ်ကြည့်လျှင်ရှမ်းပြည်နယ်တောင်ပိုင်းတွင်NLDသည်အမျိုးသားလွှတ်တော် ၂ နေရာပြည်သူ့လွှတ်တော်၇နေရာအနိုင်ရရှိနိုင်ပါသည်။စုစုပေါင်းပြည်ထောင်စုလွှတ်တော် ၉ နေရာ အနိုင်ရရှိ   နိုင်   ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှမ်းတိုင်းရင်းသားများမှာဂုံရှမ်း၊ရှမ်းကြီးဟုခေါ်သောရှမ်းများဖြစ်ပါသည်။ရှမ်းများသည်ရှမ်းမြောက်၊ရှမ်းတောင်ကဲ့သို့လူဦးရေအများစုကြီးကြီးမဟုတ်ပါ။ထိုကြောင့်SNLD အားမကောင်းပါ။ ပြည်သူ့    စစ်အများအပြားရှိနေသောဒေသဖြစ်ပါသည်။ ထိုကြောင့် ပြည်ခိုင်ဖြိုးပါတီအားကောင်းပါသည်။ NLD ပါတီမှာ ဒုတိယအားအကောင်းဆုံးဖြစ်ပါသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှမ်း၊ဝ၊အာခါ၊လားဟူ၊ဗမာတို့အဓိကနေထိုင်ပါသည်။

၁။ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား ၊ ၅၌မြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို ပြည်ခိုင်ဖြိုးပါတီအနိုင်ရပါမည်။

ကျိုင်းတုံပြည်သူ့လွှတ်တော်နေရာကိုပြည်ခိုင်ဖြိုးနှင့်NLDအပြိုင်လုကြရမည်ဖြစ်ပါသည်။

မိုင်းလားအထူးဒေသတွင်ရွေးကောက်ပွဲမရှိပါ။ မိုင်းပျဉ်း၊မိုင်းခတ်၊ မိုင်းယန်း ပြည်သူ့လွှတ်တော်နေရာများကို ပြည်ခိုင်ဖြိုးအနိုင်ရရှိပါမည်။

၂။ မိုင်းတုံ၊ မိုင်းဆက်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာချီလိပ် ၊ ၅ မြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို NLDအနိုင်ရပါမည်။

မိုင်းတုံ၊ မိုင်းယောင်း၊ တာချီလိတ် ပြည်သူ့လွှတ်တော်နေရာများကို NLD အနိုင်ရပါမည်။ မိုင်းဆက် နှင့် မိုင်းဖြတ်ပြည်သူ့လွှတ်တော်နေရာများကိုပြည်ခိုင်ဖြိုးအနိုင်ရပါမည်။

လက်ရှိအနေအထားအတိုင်းသုံးသပ်ကြည့်လျှင်-
ရှမ်းပြည်နယ်အရှေ့ပိုင်း၌NLDသည်အမျိုးသားလွှတ်တော်၁နေရာနှင့် ပြည်သူ့လွှတ်တော် ၄ နေရာ သို့မဟုတ် ၃ နေရာအနိုင်ရရှိပါမည်။

ထိုကြောင့်ရှမ်းပြည်နယ်တစ်ခုလုံးတွင်NLDအနေဖြင့်အမျိုးသားလွှတ်တော် ၃ နေရာရရှိပါမည၊ ပြည်သူ့လွှတ်တော် ၁၁နေရာမှ၁၅နေရာအထိရရှိနိုင်ပါသည်။စုစုပေါင်းပြည်ထောင်စုလွှတ်တော်တွင်၁၄နေရာမှ ၁၈နေရာ အထိ အနိုင်ရရှိနိုင်ပါသည်။