Logo

Phone

(+95 9) 404253660

ABSDF

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

(All Burma Students’ Democratic Front)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ၊မကဒတ(All Burma Students’ Democratic Front, ABSDF)ကို ၁၉၈၈ နိုဝင်ဘာ ၁ ရက် နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

သမိုင်းဝင် ၁၉၈၈ အရေးတော်ပုံကြီး အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ပြည်မရှိ ကျောင်းသား/သူများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် လူငယ်အများစုသည် မြန်မာနိုင်ငံ၏ နယ်စပ်တလျှောက်သို့ အလျှိုလျှို ထွက်ခွာခဲ့ကြသည်။ ထိုထွက်ခွာခဲ့ကြသူများ၏ အစုအဖွဲ့အသီးအသီးမှ ကိုယ်စားလှယ်များဖြင့် မကဒတ ကို မြန်မာ – ထိုင်း နယ်စပ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်စခန်း တခု ဖြစ်သည့် ဝမ်ခ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မကဒတ ကို မြန်မာ- အိန္ဒိယ နယ်စပ်၌ မကဒက(အနောက်ပိုင်း)ဟူ၍ လည်းကောင်း၊ မြန်မာ- တရုတ် နယ်စပ်၌ မကဒတ(မြောက်ပိုင်း)ဟူ၍ လည်းကောင်း၊ မြန်မာ- ထိုင်း နယ်စပ်၌ မကဒတ (တောင်ပိုင်း)ဟူ၍ လည်းကောင်း တည်ရှိခဲ့သည်။

စတင်ဖွဲ့စည်းသည့် ၁၉၈၈ ခုနှစ်မှ ယနေ့အချိန်အထိ ညီလာခံ ၁၀ ကြိမ် ခေါ်ယူကျင်းပခဲ့ပြီး ထိုညီလာခံ များမှ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အတည်ပြုပြဌာန်းခဲ့သည်။ ထို ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် မကဒတ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မကဒတ၏ တတိယအကြိမ် ညီလာခံ(၁၉၉၁)တွင် ရဲဘော် မိုးသီးဇွန် ဦးဆောင်သော အဖွဲ့နှင့် ရဲဘော် ဒေါက်တာနိုင်အောင် ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့ပြီး ၁၉၉၆ စက်တင်ဘာလ ၅ ရက် တွင် ပြန်လည် ပေါင်းစည်းခဲ့သည်။

 

မကဒတ၏ သမိုင်းတလျှောက်  ဥက္ကဋ္ဌများ

မကဒတ၏ သမိုင်းတလျှောက်  ဥက္ကဋ္ဌများမှာ –

၁။ ရဲဘော် ထွန်းအောင်ကျော် (ပထမအကြိမ် ညီလာခံ သက်တမ်း၊ ၁၉၈၈ – ၁၉၈၉)

၂။ ရဲဘော် မိုးသီးဇွန် (ဒုတိယအကြိမ် ညီလာခံ သက်တမ်း၊ ၁၉၈၉ – ၁၉၉၁။ တတိယအကြိမ် ညီလာခံ  သက်တမ်း၊ ၁၉၉၁ – ၁၉၉၆။ ပေါင်းစည်းရေးညီလာခံ သက်တမ်း ၁၉၉၉)

၃။ ရဲဘော် ဒေါက်တာနိုင်အောင် ( တတိယအကြိမ် ညီလာခံ သက်တမ်း၊ ၁၉၉၁ – ၁၉၉၆။ ပေါင်းစည်းရေး ညီလာခံ သက်တမ်း၊ ၁၉၉၉ – ၂၀၀၁)

၎။ ရဲဘော် စိုင်းမြင့်သူ ( ပဉ္စအကြိမ် ညီလာခံ သက်တမ်း၊ ၂၀၀၁)

၅။ ရဲဘော် သံခဲ (ဆဋ္ဌမအကြိမ် ညီလာခံ သက်တမ်း၊ ၂၀၀၁ – ၂၀၀၃ မှ ဒသမအကြိမ် ညီလာခံ သက်တမ်း၊ ၂၀၁၄ မှ ယနေ့ အချိန်ထိ) တို့ ဖြစ်ကြသည်။

 

မကတဒ ၏ လက်ရှိ ဗဟိုကော်မတီ ဝင်များ

မကတဒ ၏ လက်ရှိ ဗဟို ကော်မတီ ဝင်များမှာ –

၁။ရဲဘော် သံခဲ ဥက္ကဌ
၂။ရဲဘော် မျိုးဝင်း ဒုတိယ ဥက္ကဌ
၃။ ရဲဘော် ဆန်နီ အထွေထွေ အတွင်းရေးမှူး
၎။ ရဲဘော် မြင့်ဦး (ခ) မြင့်ဟိန်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁
၅။ရဲဘော် လှဌေး (ခ) ရဲထွတ် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂
၆။ရဲဘော် ဆလိုင်းယောအောင် ဗဟိုဦးဆောင်ကော်မတီဝင်
၇။ရဲဘော် မလေးလုံ (ခ) မိဆူးပွင့်ဗဟိုဦးဆောင်ကော်မတီဝင်
၈။ရဲဘော် လွမ်းဏီဗဟိုဦးဆောင်ကော်မတီဝင်
၉။ရဲဘော် မောင်ဦး ဗဟိုဦးဆောင်ကော်မတီဝင်
၁၀။ရဲဘော် ကျော်ကျော်လင်ဗဟိုကော်မတီဝင်
၁၁။ရဲဘော် ချစ်ဝင်း ဗဟိုကော်မတီဝင်
၁၂။ရဲဘော် စိုးထွဋ်ဗဟိုကော်မတီဝင်
၁၃။ရဲဘော် မင်းဌေး ဗဟိုကော်မတီဝင်
၁၄။ ရဲဘော် ရန်နိုင်စိုး ဗဟိုကော်မတီဝင်
၁၅။ရဲဘော် ၀င်းတင့်ဟန် ဗဟိုကော်မတီဝင်
၁၆။ရဲဘော် သူရ ဗဟိုကော်မတီဝင်
၁၇။ရဲဘော် သန့်ချိန်မြင့်ဗဟိုကော်မတီဝင်
၁၈။ရဲဘော် နေမျိုးထိုက် အရံဗဟိုကော်မတီဝင်
၁၉။ရဲဘော် မိုးကျော်ဦး အရံဗဟိုကော်မတီဝင်
၂၀။ရဲဘော် ရီထွန်း အရံဗဟိုကော်မတီဝင်
၂၁။ရဲဘော် သိန်းလွင် အရံဗဟိုကော်မတီဝင် တို့ဖြစ်ပြီး တပ်အင်အား မှာ ၆၀၀-၁၀၀၀ ဖြစ်သည်။

 

မကဒတ ၏ နိုင်ငံရေးရည်မှန်းချက်နှင့် ဦးတည်ချက်များ

မကဒတ ၏ နိုင်ငံရေးရည်မှန်းချက်နှင့် ဦးတည်ချက်များမှာ-

(၁) တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်(က) အောက်မှလွတ်မြောက်ရေး။

(၂) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရှိရေး။

(၃) ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး။

(၄) ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး တို့ ဖြစ်သည်။

* ရည်ညွှန်း(က) – စစ်အာဏာရှင်စနစ် ဆိုရာ၌

(၁) စစ်တပ်ကြီးစိုးရေးဝါဒ အတွေးအခေါ်၊

(၂) စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြု၍ ဦးဆောင်နေသော အစိုးရနှင့်

(၃) စစ်အာဏာရှင်စနစ် တည်မြဲရေးကို အထောက်အကူပြုနေသည့် စစ်ဗျူရိုကရေစီ ယန္တရားတစုံလုံး ဖြစ်သည်။

 

မကဒတ ၏ မဟာမိတ်ပြုခြင်းဆိုင်ရာ မူဝါဒများ

မကဒတ ၏ မဟာမိတ်ပြုခြင်းဆိုင်ရာ မူဝါဒများမှာ-

(၁) စစ်အာဏာရှင်စနစ်ကို အဓိကရန်သူအဖြစ် ဦးတည်တိုက်ခိုက်ခြင်း၊

(၂) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လက်ခံခြင်း၊

(၃) ပါတီစုံ ဒီမိုကရေစီကို လက်ခံခြင်း၊

(၄) တော်လှန်ရေး အကျိုးဖြစ်ထွန်းရေးကို ထောက်ခံ ပံ့ပိုခြင်း၊

(၅) တော်လှန်ရေးနှင့် အမျိုသား အကျိုးစီးပွားကို မထိခိုက်ခြင်း တို့ ဖြစ်ပြီး

မဟာမိတ် ဆက်ဆံရေး မူများမှာ-

(၁) တဦးကိုတဦး အပြနန်အလှန် အသိအမှတ်ပြု လေးစားရေး၊

(၂) တဦးကိုတဦး အပြန်အလှန် ကူညီရေး၊

(၃) တန်းတူရည်တူ ဆက်ဆံရေး၊

(၄) တဦးအတွင်းရေးကို တဦး ဝင်ရောက် မစွက်ဖက်ရေး၊

(၅) ပဋိပက္ခများကို မဟာမိတ်အသွင် ငြိမ်းချမ်းစွာ ပူးတွဲညှိနှိုင်းဖြေရှင်းရေး တို့ဖြစ်သည်။

 

မကဒတ ၏ တပ်ပေါင်းစု တည်ဆောက်ရေးမူများ

မကဒတ ၏ တပ်ပေါင်းစု တည်ဆောက်ရေးမူများမှာ-

(၁) အကျယ်ပြန့်ဆုံး စည်းလုံးရေး၊

(၂) ကျစ်လစ်စွာ တည်ဆောက်ရေး၊

(၃) ဒီမိုကရေစီ ကျင့်စဉ် ကျင့်သုံးရေး၊

(၄) ဘုံလုပ်ငန်းစဉ် အပေါ်တွင် ပူပေါင်းဆောင်ရွက်ရေး၊

(၅) အကျိုးစီးပွား သာတူညီမျှရေး တို့ ဖြစ်ပြီး

တပ်ပေါင်းစုတွင်း ဆက်ဆံရေးမူများ

တပ်ပေါင်းစုတွင်း ဆက်ဆံရေးမူများမှာ-

(၁) မကဒတ ၏ ဦးတည်ချက် လုပ်ငန်းစဉ်များကို တပ်ပေါင်းစုအဖွဲ့ဝင် တော်လှန်ရေးအဖွဲ့အစည်းများ နားလည် လက်ခံလာစေရေး ကြိုးပမ်းဆောင်ရွက်ရေး ဟူ၍ လည်းကောင်း၊

(၂) တပ်ပေါင်းစုအဖွဲ့ဝင် တော်လှန်ရေးအဖွဲ့များ၏ ဘဝအခက်အခဲများကို လက်တွေ့ကျကျ အတက်နိုင်ဆုံး အပြန်အလှန် ကူညီဖြေရှင်းဆောင်ရွက်ရေး ဟူ၍ လည်းကောင်း၊

(၃) တပ်ပေါင်းစုအတွင်း စည်းလုံးရေးလုပ်ငန်းစဉ်များကို မကဒတ၏ မဟာမိတ်ဆက်ဆံရေးမူများအရ ကြိုးပမ်း ဆောင်ရွက်ရေး ဟူ၍ လည်းကောင်း၊

(၄) တပ်ပေါင်းစုအဖွဲ့ဝင်တိုင်းသည် မိမိတို့ တဖွဲ့ချင်းအကျိုးစီးပွားထက် တပ်ပေါင်းစုတခုလုံး၏ အကျိုးစီးပွားကို ဦးစားပေးရေးနှင့် တပ်ပေါင်းစု တခုလုံးအနေနှင့်လည်း တပ်ပေါင်းစု အဖွဲ့ဝင်တိုင်၏ အကျိုးစီးပွားကို လေးစားရေး အတွက် ကြိုးပမ်းဆောင်ရွက်ရေး ဟူ၍ လည်းကောင်း၊

(၅) တပ်ပေါင်းစုအတွင်း အတွေးအခေါ်နှင့် လုပ်ဟန် မှန်ကန်ရေး၊ ကျစ်လစ်ခိုင်မာရေးတို့ကို ကြိုးပမ်းဆောင်ရွက် ရေး ဟူ၍ ဖြစ်သည်။

 

 

Participation in the Peace Process

ငြိမ်းချမ်းရေးဆောင်ရွက်မှုများ

 

 

Statements

ABSDF Statement 1

ABSDF Statement 2

ABSDF Statement 3

ABSDF Statement 4

ABSDF Statement 5

ABSDF Statement 6

ABSDF Statement 7

ABSDF Statement 8

ABSDF Statement 9

ABSDF Statement 10