Logo

Phone

(+95 9) 404253660

ANC

ANC – Arakan National Council

ရခိုင်အမျိုးသားကောင်စီ

 

 

နောက်ခံသမိုင်း

 

ရခိုင်အမျိုးသားကောင်စီသည် ရခိုင်လူထု၏ တစ်ခုတည်းသော နိုင်ငံရေးတပ်ဦးဖြစ်ပြီး ၂ဝဝ၄ ခုနှစ် အမျိုးသား ညီလာခံ၏ အကြိုညီလာခံမှ ပေါက်ဖွားလာခဲ့သည်။ ယင်းကို အောက်ဖော်ပြပါ ပြည်ပရောက် ရခိုင်အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားသည်။

  1. Arakan League for Democracy (ALD)
  2. Arakan Liberation Party (ALP)
  3. Democratic Party of Arakan (DPA_
  4. National United Party of Arakan (NUPA)
  5. All Arakan Students Youth Congress (AASYC)
  6. Arakan Women Welfare Association (AWWA)
  7. Rakhaine Women Union (RWU)
  8. ရခိုင်လူမျိုး ပညာတတ်ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် တတ်သိပညာရှင်များ

 

ANC ၏ ရည်မှန်းချက်

၁။ ရခိုင်ပြည်သူတရပ်လုံး သွေးစည်းညီညွတ်ရေး၊

၂။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊

၃။ ပြည်ထောင်တိုင်း၏ နိုင်ငံရေးအရ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊

၎။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊

၅။ စည်းလုံးခိုင်မာသော ရခိုင်ပြည် တည်ဆောက်ရေး။

ANC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ

 

Honourable Patron Saradaw U Thusita Mahathero
Patron U Maung Maung
Patron U Aung Won
Consultant Saradaw Ashun Khemasara
Chairperson Ashun Thiha
Vice Chairperson-1 U Khin Maung
Vice Chairperson-2 U Kaung Zan
General Secretary U Twan Zaw
Joint General Secretary U Khaing San Lunn
Regional Secretary U Khaing Zaw
Regional Secretary Ashun U Thaw Bita
Regional Secretary U Than Phay
Regional Secretary U Munn Htwann

 

ANC ၏ လှုပ်ရှားမှုများ

 

ANC ကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင် တည်ထောင်ခဲ့သည်။ သို့သော် အဖွဲ့ဝင် ပါတီအများစုမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းပိုင်းမှနေ၍ လှုပ်ရှားကြသည်။

ANC ၏ ပထမအကြိမ် ညီလာခံကို ၂ဝဝ၆ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၉ ရက်ထိ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပနိုင်ခဲ့သည်။ ဤညီလာခံသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) (ALD-E) ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသား နှင့် လူငယ်များ အစည်းအရုံး (AASYC) ၊ ရခိုင်သင်္ဃာ့သမဂ္ဂ (RSU) နှင့် အခြားသောလူမှုအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများ အစုအဖွဲ့များမှ ကိုယ်စားလှယ် (၄၅)ဦးတက်ရောက်ခဲ့သည်။

 

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

 

ရခိုင်ပြည်အမျိုးသားကောင်စီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု NCA သဘောတူညီချက်များကို ညှိနှိုင်းဆွေးနွေးနေသည့် အဖွဲ့တစ်ခုဖြစ်သည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရမှ တက်ရောက်ခွင့် ပြုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

 

 

LDU, NMSP တို့က NCA စာချုပ်ကို လက်မှတ်ထိုးရန် နီးကပ်လာချိန်တွင် ANC ကလည်း NCA ထိုးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိနှိုင်းရာ အစိုးရဘက်မှ တင်ပြသည့် အခြေအနေများကို လက်ခံနိုင်ခဲ့သည်။ သို့သော် အစိုးရနှင့် တပ်မတော် ညှိနှိုင်းမှုအဆင်မပြေသဖြင့် အောင်မြင်လုနီးပါး ဖြစ်ခဲ့ပြီးမှ NCA စာချုပ်ကို လက်မှတ်ထိုးရေးကိစ္စ ပျက်ပြယ်သွား ရသည်။ NCA စာချုပ်အရ လက်မှတ်ထိုးသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရသည်။

 

ထူးခြားဖြစ်စဉ်

 

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် စစ်တွေမြို့ရှိ တရားလွှတ်တော်ချူပ်ရုံးနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာန အပါအဝင် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်တို့မှာ ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်ရပ်၌ ရခိုင်ပြည်အမျိုးသားကောင်စီ ANC မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စိုး အပါအဝင် ဒေသခံ ၄ ဦးကို နောက်တစ်ရက်တွင် ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(က) ၊ (ဈ) တို့ဖြင့် အမှုဖွင့်ထားသည်။

 

သို့သော် စစ်တွေ ဗုံးတိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးစလုံးကမူ အဆိုပါဖြစ်ရပ်ကို သူတို့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ မတရားသဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရုံးထုတ်လာစဉ် သတင်းမီဒီယာများသို့ ပြောခဲ့ကြသည်။

 

ဖမ်းဆီးခံရသူ ကိုနိုင်စိုး (ခ) မဲလုံးသည် ယခင်ကလည်း အဖမ်းခံရဖူးသည်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ ဓညဝတီ ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခဲ့သည် ဟု ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့ပြီး ၎င်းအပါအဝင် ၁၁ ဦးကို  ထောင်ဒဏ် ၂ နှစ်မှ ၈ နှစ်အထိ အသီးသီးချမှတ်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

 

တပ်အင်အား ရှိခြင်း-မရှိခြင်းနှင့် စပ်လျဉ်း၍ ကန့်သတ်ချက်များ ရှိသောကြောင့် မအောင်မြင်ရခြင်း ဖြစ်သည်။ ANC နှင့် အစိုးရအကြား Bilateral ရှိပြီး ANC နှင့် တပ်မတော်အကြား မရှိခြင်းကြောင့်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးကြောင့် အခြေအနေများ ရှုတ်ထွေးနေစဉ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ပေါ်ထွက်လာခြင်းအပေါ် စိုးရိမ်မှု ရှိသောကြောင့်ဟုလည်း ဆိုသည်။

 

Participation in the Peace Process

 

Ceasefire Agreements

 

Statements

 

Liaison offices

 

 

Contact: