Logo

Phone

(+95 9) 404253660

MNDAA

Myanmar National Democratic Alliance Army

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်

(a)Kokang army

 

အကျဉ်းချုပ်

သက်တမ်း ၁၉၈၉ ခုနှစ်မတ်လ ၁၂ ရက်မှ ယနေ့တိုင်
ဝါဒ ကိုးကန့် အမျိုးသားရေးဝါဒ၊ခွဲထွက်ရေးလမ်းစဉ်
ခေါင်းဆောင်များ ဖုန်ကြားရှင် (PheungKya-shin) ၊ ရန်ဝင်းဇုန် (Yan Win Zhong)
လှုပ်ရှားဒေသ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ
စစ်သည်အင်အား ၂ဝဝဝ မှ ၄ဝဝဝ
နိုင်ငံရေးပါတီ အမှန်တရားနှင့် တရားမျှတမှုအတွက် မြန်မာအမျိုးသားပါတီ

(Myanmar National Truth and Justice Party)

မူလအခြေခံ ဗမာပြည် ကွန်မြူနစ်ပါတီ
နောက်ပိုင်း မုန်းကိုးဒေသကာကွယ်ရေးတပ် (၁၉၉၅ ခုနှစ်တွင် နှစ်ဖွဲ့ကွဲ)
မဟာမိတ်များ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရက္ခိုင့်တပ်မတော် (AA) နှင့် တအာန်းလွတ်လပ်ရေးတပ် (TNLA)

အခြားမဟာမိတ် – KIA

စစ်ရေးပဋိပက္ခ ဖြစ်သည့်အဖွဲ့ မြန်မာ့တပ်မတော် (၂ဝ၁၁ ခုနှစ်ထိ)
တိုက်ပွဲများ ပြည်တွင်းစစ်

·         ၂ဝဝ၉ ခုနှစ် သြဂုတ်လ – ကိုးကန့် ၃ ရက်ကြာစစ်ပွဲ

·         ၂ဝ၁၅ ကိုးကန့် ထိုးစစ်- (ဖေဖော်ဝါရီလ၉ ရက်မှ  မေလ ၁၄ ရက်ထိ)

·         ၂ဝ၁၇ ပစ်ခတ်မှုများ –

 

၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဖုန်ကြားရှင် ဦးဆောင်ကာပုန်ကန်ခွဲထွက်ပြီးနောက် MNTJP (ပါတီ)နှင့် MNDAA (တပ်) ကိုတည်ထောင်သည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် ထိုစဉ်ကစစ်အစိုးရဖြစ်သောနအဖ (SLORC) နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ် ရေးထိုးသည်။ ဤသို့ရေးထိုးပြီးနောက် ကိုးကန့်ဒေသသည် အထူးဒေသ(၁) ဖြစ်လာသည်။

MNDAA သည် နယ်ခြားစောင့်တပ် (BGF).အဖြစ် အသွင်ပြောင်းရေးကိုပယ်ချလိုက်သဖြင့် ၂ဝဝ၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ တပ်မတော်က MNDAA ကိုတိုက်ခိုက်သိမ်းပိုက်သည်။ MNDAA သည် ၂ ဖွဲ့ကွဲသွားပြီးတပ်ရင်းမှူးရန်ရှောင်ကျင့် ဦးဆောင်သောအဖွဲ့ကနယ်ခြားစောင့်တပ် ၁ဝဝ၆ အဖြစ် ဖွဲ့စည်းသည်။ ဖုန်ကြားရှင် ဦးဆောင်သောနောက်တစ်ဖွဲ့ကတောခိုသွားခဲ့သည်။ သို့သော် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရန်ရှောင်ကျင့်၏ အဖွဲ့သည်လည်းဖုန်ကြားရှင်နောက်သို့ ပြန်လိုက်သွားခဲ့ပြန်သည်။

၂ဝ၁၃ ခုနှစ်တွင်MNDAA သည် UNFC နှင့် NCCTတို့၏ အဖွဲ့ဝင် ဖြစ်လာသည်။ လက်ရှိတွင် FPNCCအဖွဲ့ ထဲတွင်လည်းပါဝင်ထားသည်။ သို့သော် ၂ဝ၁၅ ခုနှစ်တွင် NCCT မှ နှုတ်ထွက်လိုက်ပြီးထိုနှစ် ဇွန်လတွင်လည်းUNFC မှ နှုတ်ထွက်လိုက်သည်။

 

 

Participation in the Peace Process

 

Ceasefire Agreements

 

Statements

 

Liaison offices

 

Contact: