Logo

Phone

(+95 9) 404253660

NCCT

NCCT – Nationwide Ceasefire Coordination Team

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)

 

အကျဉ်းချုပ်

  • ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ မှ နိုဝင်ဘာလ ၂ ရက်ထိ ကျင်းပသော လိုင်ဇာညီလာခံတွင် ဖွဲ့စည်းသည်။
  • အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးသည့်အခါ ကိုယ်စားပြု ဆွေးနွေးရန် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်သည်အထိ ယာယီ ဖွဲ့စည်းခြင်းဖြစ်သည်။
  • ထို့နောက်တွင်မူ နိုင်ငံရေးအခြေခံမူဘောင် ရေးဆွဲရေးနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မတီဖြင့် NCCT ကို အစားထိုးမည်ဖြစ်သည်။
  • NCCT ကို တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့မှ ထောက်ပံ့သော ရန်ပုံငွေနှင့် နိပွန်ဖောင်ဒေးရှင်း၏ အခြား အထွေထွေ ထောက်ပံ့မှုများဖြင့် လည်ပတ်သည်။ ဥပမာ အစည်းအဝေး ကျင်းပရန် နေရာငှားပေးခြင်းမျိုး ဖြစ်သည်။
  • ပထမအကြိမ် လိုင်ဇာညီလာခံတွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ပြီးစီးမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဆိုသောအချက် အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဘုံသဘောထားတူညီချက် ၁၁ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။
  • လိုင်ဇာညီလာခံသို့ တက်ရောက်နေသော အဖွဲ့ ၁၇ ဖွဲ့ အနက် RCSS မှလွဲ၍ ကျန်အဖွဲ့အားလုံးက လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၁ဝ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)
ရခိုင်အမျိုးသားကောင်စီ (ANC) ၁၁ မွန်ပြည်သစ်ပါတီ (NMSP)
ရက္ခိုင့်တပ်မတော် (AA) ၁၂ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)
ချင်းအမျိုးသားတပ်ဦး (CNF) ၁၃ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၁၄ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)
ကရင်အမျိုးသား အကျိုးပြု ဒီမိုကရေစီ တပ်မတော် (DKBA) ၁၅ သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP)
ကရင်အမျိုးသားအစည်းအရုံး (KNU) ၁၆ “ဝ” အမျိုးသားအဖွဲ့ (WNO
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KPC)  

မှတ်ချက်-RCSS က ညီလာခံ တက်သော်လည်း လက်မှတ်ရေးထိုးခြင်း မရှိ။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)

 

  • NCCT တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ ပါဝင်သည်။ သို့သော် NSCN-K, UWSA, NDAA, RCSS, ABSDF တို့ ပါဝင်ခြင်း မရှိပါ။
  • ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည့် ညှိနှိုင်းအဖွဲ့ကို ၁၃ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 

အမည် တာဝန် အဖွဲ့အစည်း
နိုင်ဟံသာ (နိုင်ဟောင်းဆာ) အဖွဲ့ ခေါင်းဆောင် NMSP
ဖဒို စောကွယ်ထူးဝင်း ဒုတိယ ခေါင်းဆောင် ၁ KNU အထွေထွေ အတွင်းရေးမှူး
ဗိုလ်ချုပ် ဂွမ်မော် ဒုတိယ ခေါင်းဆောင် ၂ KIO ဒုတိယ ဦးစီးချုပ်
ဒုတိယဗိုလ်မှူးကြီး ကျော်ဟန် အဖွဲ့ဝင် AA
ဒေါ်စောမြရာဇာလင်း အဖွဲ့ဝင် ALP CEC အဖွဲ့ဝင်
ဦးထွန်းဇော် အဖွဲ့ဝင် ANC အထွေထွေ အတွင်းရေးမှူး
ဒေါက်တာဆလိုင်လျှံမုန်းဆာခေါင်း အဖွဲ့ဝင် CNF သဘာပတိအဖွဲ့
ဗိုလ်မှူးကြီး စောလုံလုံ အဖွဲ့ဝင် DKBA
ရွှေမျိုးသန့် အဖွဲ့ဝင် KNPP အတွင်းရေးမှူး ၂
၁ဝ ဗိုလ်ချုပ် ဒေါက်တာ တင်မိုသီ လက်လမ်း အဖွဲ့ဝင် KPC နိုင်ငံခြားဆက်ဆံရေး
၁၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အဖွဲ့ဝင် PNLO နာယက
၁၂ စိုင်းဘထွန်း အဖွဲ့ဝင် SSPP CEC အဖွဲ့ဝင်
၁၃ တာအိုက်ညွန့် အဖွဲ့ဝင် WNO အတွင်းရေးမှူးချုပ်

 

  • ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း၌ ကျင်းပသည်။
  • ညီလာခံ ၂ ကြိမ်စလုံးတွင် ဖိတ်ကြားသော်လည်း “၀” တပ်ဖွဲ့(UWSA ) နှင့် မိုင်းလားအဖွဲ့(NDAA)တို့ တက်ရောက်နိုင်ခြင်း မရှိပေ။

 

  • တတိယအကြိမ် ညိလာခံကို

ချင်းမိုင် အစည်းအဝေးကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်ရှိ အယ်လ်ပိုင်း ဂေါက်ရိုက် အပမ်းဖြေစခန်း၌ ကျင်းပသည်။

Participation in the Peace Process

 

Ceasefire Agreements

 

Statements

 

Liaison offices

 

 

Contact: