Logo

Phone

(+95 9) 404253660

NDAA

NDAA – National Democratic Alliance Army

အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်

အစိုးရ ခေါ်ဆိုသည့်အမည်        – ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ အမှတ် (၄)

အခြားအမည်                       – မိုင်းလားအဖွဲ့

 

အကျဉ်းချုပ်

တည်ထောင်ချိန်          – ၁၉၈၉ ခုနှစ်

သက်တမ်း                 – ၁၉၈၉ မှ ယနေ့ထိ

ဋ္ဌာနချုပ်                      – မိုင်းလား၊ ရှမ်းပြည်အရှေ့ပိုင်း

ထိန်းချုပ်ဒေသ            – မိုင်းလား၊ ရှမ်းပြည်အရှေ့ပိုင်း (အထူးဒေသ အမှတ် ၄)

ခန့်မှန်းစစ်သည်အင်အား – ၃ဝဝဝ မှ ၄ဝဝဝ အကြား

ခေါင်းဆောင်              – စိုင်းလင်း (Sai Leun) (လင်မင်းရှန် (Lin Mingxian) အဖြစ်လည်း သိရှိကြသည်။)

မူလအဖွဲ့အစည်း          – ဗမာပြည်ကွန်မြူနစ်ပါတီ (CPB)

 

၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ပုန်ကန်ခွဲထွက်ပြီး NDAA ကို တည်ထောင်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရ (နဝတ) နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ CPB မှ ပုန်ကန်ခွဲထွက်ကြသော MNDAA, UWSA, New Democratic Army-Kachin (NDA-K) တို့နှင့် ဆက်ဆံရေး နီးစပ်သည်။

 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ဥက္ကဋ္ဌ                                – ဦးစိုင်းလင်း

ဒုတိယဥက္ကဋ္ဌ                       – ဦးစံဖဲ (Hsan Pae)

အထွေထွေအတွင်းရေးမှူး                   – စဝ်ဆဲန်လ (Sao Hsengla)

အတွင်းရေးမှူး                       – ဦးခမ်းမောင်

 

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် – ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်

အစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီသည့် ဒတိယမြောက်အဖွဲ့ ဖြစ်သည်။

အဆင့် ၂ – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်)

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေး ကိုယ်စားလှယ်အဖွဲ့ – အလှည့်ကျ

ဆက်ဆံရေးရုံးများ – ရန်ကုန်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချိလိတ်နှင့် မန္တလေး (အသစ်ပြန်လည်ဖွင့်လှစ်)

Participation in the Peace Process

 

Ceasefire Agreements

 

Statements

 

Liaison offices

 

 

Contact: