Logo

Phone

(+95 9) 404253660

RCSS/SSA – Restoration Council of Shan State/ Shan State Army (South)

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)

 

အကျဉ်းချုပ်

တည်ထောင်သည့်အချိန်          – ၁၉၆၄ / ၁၉၆၆

ဋ္ဌာနချုပ်                                       – ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလန်း ဒေသ

လှုပ်ရှားရာဒေသ                             – ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊

ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊     မောက်မယ်၊ မိုးကောင်း၊ နမ့်ဆမ်

ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်း

ခန့်မှန်းစစ်သည်အင်အား          – ၆ဝဝဝ ဝန်းကျင်

ခေါင်းဆောင်                        – ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ် (Yawd Serk)

 

နောက်ခံသမိုင်း

၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်းက ဦးဆောင်ကာ အောက်ပါတပ်များကို စုစည်းကာ ရှမ်းပြည် တပ်မတော်ကို တည်ထောင်သည်။

  • ရှမ်းပြည် လွတ်လပ်ရေး တပ်မတော် (SSIA) – ခေါင်းဆောင် – လုံးခွန်မဟာ
  • ညီညွတ်သော ရှမ်းအမျိုးသား တပ်ပေါင်းစု (SNUF) – ခေါင်းဆောင် – စဝ်ကွဏ်းဇိဏ်း
  • ကိုးကန့် တော်လှန်ရေး တပ်မတော် (KRF) – ကျင်မီယန်း
  • ရှမ်းပြည် ညီညွတ်ရေး တပ်မတော် (SUA) – ခွန်ဆာ

ထို့နောက် ကွန်မြူနစ်ဝါဒအပေါ် မူတည်၍ အုပ်စု၂ စု ကွဲသွားသည်။  ကွန်မြူနစ်ဝါဒ ထောက်ခံသည့် အုပ်စုတွင်  ဒုတိယဗိုလ်ချုပ်ကြီး ပန်ဖုက SSPP/SSA ကို တည်ထောင်သည်။ ယခုလက်ရှိ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၏ ခေါင်းဆောင် ဖြစ်သည်။

ကွန်မြူနစ်ဝါဒကို မထောက်ခံသည့် အုပ်စုက SURA ကို တည်ထောင်သည်။ ထို့နောက် SURA နှင့် SUA တို့ ပြန်လည်ပေါင်းစည်းပြီး MTA အဖြစ် ၁၉၈၅ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းကာ ခွန်ဆာက ဦးဆောင်သည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် ခွန်ဆာက နအဖ စစ်အစိုးရထံ လက်နက်ချရာ ယင်းကို လက်မခံသည့် ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်က နောက်လိုက်အင်အား ၁ဝဝဝ ခန့်နှင့်အတူ RCSS/SSA ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ရှမ်းပြည် တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများအနက် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တစ်ဦးတည်းသာ ယနေ့ထိ သက်ရှိ ထင်ရှားကျန်ရစ်လျက် ရှိသည်။

သမိုင်း တစ်လျှောက် ကွဲပြားလျက်ရှိနေသေးသည့် ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် တပ်မတော်များအား ပေါင်းစည်းနိုင်ရန်အတွက် ခေါင်းဆောင်ကြီးများ အဆက်ဆက်မှ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သေးပေ။

RCSS သည် ၄ နှစ် တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကပင် နောက်ထပ် ၄ နှစ်အတွက် RCSS ဥက္ကဋ္ဌ အဖြစ် ပြန်လည် အရွေးခံရသည်။

RCSS သည် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ

ကော်မတီဝင် ၁၁ ဦးထားရှိသည်။

  1. ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်           – ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်
  2. ဒုတိယဥက္ကဋ္ဌ ၁           – ဗိုလ်ချုပ် စိုင်းယီ
  3. ဒုတိယဥက္ကဋ္ဌ ၂           – ဗိုလ်မှူးကြီး ခေးငိန်း (Kherh Ngeun)
  4. အထွေထွေအတွင်းရေးမှူး           – ဒုတိယဗိုလ်မှူးကြီး စီရိ (Siri)
  5. ပြောခွင့်ရပုဂ္ဂိုလ် – ဗိုလ်မှူးကြီး စိုင်းလ
  6. အရပ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ၊ – ဗိုလ်မှူးချုပ် ပေါင်းခေး (Pawng Kherh)

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့

ခေါင်းဆောင်

  1. အရှေ့ပိုင်းစစ်ဋ္ဌာနချုပ် တပ်မှူး – ဗိုလ်ချုပ် ကွမ်းဇိန်း (Gawn Zeun)

RCSS သည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တည်ထောင်သော CSSU (ရှမ်းပြည်ညီညွတ်ရေး ကော်မတီ) ၏ အဖွဲ့ဝင် ဖြစ်သည်။ CSSU တွင် SNDP အပြင် ရှမ်းပြည်နယ် ပူးတွဲလှုပ်ရှားရေးကော်မတီ (SSJAC, SNLD, SSPP ညွန်ပေါင်းအဖွဲ့) နှင့် အခြား လူမှုအဖွဲ့အစည်း ၁၃ ခု ပါဝင်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် – ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ရက် (အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီသည့် ၄ ဖွဲ့မြောက် ဖြစ်သည်။)

အဆင့် ၂ – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်)

အပစ်အခတ် ရပ်စဲပြီးနောက် တပ်မတော်နှင့် ဖြစ်ပွားသော တိုက်ပွဲများ

  • ၂ဝဝ၂ ခုနှစ် မေလနှင့် ဇွန်လဆန်းတွင် ဗိုလ်ချုပ်ယွတ်ဆစ် ဦးဆောင်သော အင်အား ၁ဝဝ ခန့်ရှိ SURA သည် ထိုင်းတပ်များနှင့်အတူ ပန်မိုင်ဆွန်ဒေသ စခန်းအားလုံးတို့ကို တိုက်ခိုက်လာသဖြင့် တပ်မတော်က ပြန်လည်တိုက်ခိုက်ပြီး ထိန်းသိမ်းနိုင်ခဲ့သည်။ အမှတ် (၁၇၁) စစ်ဒေသက ၀ တပ်ဖွဲ့ ဝင် (၃၀၀) ခန့်ကလည်း တပ်မတော်ဘက်မှ ကူတိုက်ပေးခဲ့သည်။
  • ၂ဝ၁၂ ခုနှစ် – ၆၈ ကြိမ်
  • ၂ဝ၁၃ ခုနှစ် – ၇၆ ကြိမ်

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့

အဓိက ဦးဆောင်ဆွေးနွေးသူ – ဗိုလ်မှူးချုပ် ပေါင်းခေး

ဆက်ဆံရေးရုံးများ

 

  1. တောင်ကြီး (၂၂-၂-၂ဝ၁၂)
  2. ကျိုင်းတုံ (၂၂-၂-၂ဝ၁၂)
  3. တာချိလိတ် (၂၉-၃-၂ဝ၁၂)
  4. မိုင်းတုံ (၂၉-၂-၂ဝ၁၂)
  5. ခိုလမ် (၂၁-၃-၂ဝ၁၂)
  6. မူဆယ် (စီးပွားရေး ဆက်ဆံရေးရုံး)

 

ဆွေးနွေးရေးဆိုင်ရာ လုပ်ဆောင်မှုများ

 

၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃ဝ မှ နိုဝင်ဘာလ ၂ ရက်ထိ ကျင်းပသည့် လိုင္ဇာညီလာခံ၌ RCSS သည် မိမိ အဖွဲ့၏ စည်းမျဉ်းကြောင့် တိုင်းရင်းသားပေါင်းစုံ၏ ဘုံသဘောတူညီချက်ကို လက်မှတ်ထိုးခြင်း မရှိသကဲ့သို့ လိုင်ဇာညီလာခံက ဖွဲ့စည်းလိုက်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုမည့် အဖွဲ့ Nation Wide Cease-Fire Coordination Team (NCCT) ဖွဲ့စည်းရေးတွင်လည်း RCSS ကိုယ်စားလှယ် ထည့်သွင်းခြင်း မရှိခဲ့ပါ။ ထိုညီလာခံသို့ RCSS အပါအဝင် EAOs စုစုပေါင်း ၁၈ ဖွဲ့ တက်ရောက်ခဲ့ကြသည်။

 

သို့သော် လိုင်ဇာညီလာခံ တက်ရောက်လာသည့် RCSSမှ အဖွဲ့ဝင်လည်းဖြစ်၊ Euro-Burma Office ၏ တာဝန်ရှိသူလည်းဖြစ်သူ  ဦးဟန်ညောင်ဝေ ကမူ ငြိမ်းချမ်းရေး အသိသက်သေတဦး အနေဖြင့် လိုင်ဇာညီလာခံ တိုင်းရင်းသားပေါင်းစုံ ဘုံသဘောတူညီချက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။

Participation in the Peace Process

Ceasefire Agreements

  • order_depart(1)
  • order_depart(2)
  • SSA-S-Government
  • SSA-S-Government-16jan2012
  • SSA-S-Government-19may2012
  • SSA-S-Government-UNOFC
  • tgi_agreement_1
  • tgi_agreement_2
  • tgi_agreement_3

Statements

  • 2016_2_11_stm_eng
  • 2018012_STM on RCSS Congress Feb 22- 2018
  • 20130717_joint_statement_knu_rcss(1)
  • 20131026_knu_and_rcss_joint_statement_bur(1)
  • 20131026_knu_and_rcss_joint_statement_eng
  • 20131109_rcss_statement_on_11_common_position_bur
  • 20131109_rcss_statement_on_11_common_position_eng
  • 20131223_rcss_drug_analysis_bur
  • 20131223_rcss_drug_analysis_eng
  • 20140214_yawd_serk_interview_by_irrawaddy
  • 20140626_rcss_statement_of_against_drug_day
  • 201131001_rcss_statement
  • an_interview_with_rcss_representative_col_sai_hla_in_7_days_news
  • knudkbarcss and kpc(4)
  • knudkbarcss and kpc(5)
  • rcss released a st after bi-annual meeting on 3 july 2015(1)
  • rcss released a st after bi-annual meeting on 3 july 2015
  • rcss released a st on 4 aug 2015 bur(1)
  • rcss released a st on 4 aug 2015 bur
  • rcss released a statement on intl drug day 26 jun 2015 eng(1)
  • rcss released a statement on intl drug day 26 jun 2015 eng
  • rcss released a statement on intl drug day 26 jun 2015 shan(1)
  • rcss released a statement on intl drug day 26 jun 2015 shan
  • rcss st on nca signing 15 oct 2015 bur
  • rcss statement on military operation on sspp 3 oct 2014
  • rcss statement on nca 3 june 2015 bur
  • rcss statement on nca 3 june 2015 eng
  • rcss_statement-on-15-jan-2015
  • rcss-released-a-statement-16-sep-bur
  • rcss-released-a-statement-16-sep-eng
  • rcss-released-position-statement-on-nca-bur
  • rcss-released-position-statement-on-nca-eng
  • rcss-released-statement-on-signing-nca-8-oct
  • rcss-statement
  • RCSS-statement-dec-9-2015
  • rcss-stm-on-new-president March -29-2018
  • shan-parties-and-armies-demand-to stop-fighting-3-oct-14
  • ssa_s_stm_26_june_13_eng
  • ssa_s_stm_29_2013_eng
  • Other Statements

Liaison offices

  1. TaungGyi (22/02/2012)
    2. Keng Tung (22/02/2012)
    3. Tachilek (29/02/2012)
    4. Mongton (29/02/2012)
    5. Kho Lam (21/03/2012)
    6. Muse (Business liaison offi
    ce)
    7. Mong Pan (6/03/2014)

Alliances: PPST, PPWT/CT, UPDJC, JMC member

 

BNI