Logo

Phone

(+95 9) 404253660

UWSA

United Wa State Party (UWSP)/ United Wa State Army(UWSA)

ပြည်သွေးစည်းညီညွတ်ရေးပါတီ/” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်

“ဝ” လူမျိုးများ၏နယ်မြေသည် အင်္ဂလိပ်ခေတ်ကတည်းက ရှိပြီးဖြစ်သည်။ ဤနယ်မြေသည် ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်အရှေ့ဘက် တောင်ပေါ်ဒေသနယ်များဖြစ်ကြသည်။ ဤနယ်မြေအတွင်း ချိုင့်ဝှမ်းဒေသ အနည်းငယ်ရှိရာ ရှမ်းများလူမျိုးများနေထိုင်ကြသည်။ လားဟူလူမျိုးအနည်းငယ်သည်လည်း ‘ဝ’ လူမျိုးများနှင့်အတူ ရောပြွမ်းနေထိုင်ကြသည်။ ‘ဝ’ လူမျိုးများသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း မြေသြဇာမကောင်းသော တောင်ပေါ်နှင့် တောင်ကြားဒေသများတွင် ဘိန်းများကိုစိုက်ပျိုးကြပြီး ဘိန်းကိုအသုံးပြုကြသည်။ ‘ဝ’ လူမျိုးများသည် နတ်ကိုးကွယ်ယုံကြည်သူများဖြစ်သည့်အတွက် နတ်ကိုပူဇော်ပသရန် အချင်းချင်း ခေါင်းဖြတ်သတ်သည့် စနစ်ကိုပင်ကျင့်သုံးခဲ့သည်။ ဖွံ့ဖြိုးမှုနောက်ကျပြီး အလွန်ဆင်းရဲသော ဒေသဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ဗ.က.ပများ ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာသောအချိန်မှသာ ထိုစနစ်များပျောက်ကွယ်သွားခဲ့သည်။

‘ဝ’ လူမျိုးများထဲတွင် လဝမျိုးနွယ်နှင့် လွယ်လဆိုသည့် မျိုးနွယ်ဝင်များရှိကြသည်။ ‘ဝ’ မျိုးနွယ်စုများထဲတွင် လဝများသည် ဘာသာစကားတူညီကြသော်လည်း အခြားသော မျိုးနွယ်များထက် ပိုမိုတိုးတက်မှုရှိသောကြောင့် အခြားအနွယ်ဝင်းများကို အထင်သေးကြသည်။ လွယ်လ မျိုးနွယ်ဝင်များသည် ‘ဝ’ အနွယ်များဖြစ်သော်လည်း ၄င်းတို့ကို ‘ဝ’ ဟုခေါ်လျှင်မကြိုက်ကြပါ။ သူတို့သည် သံလွင်မြစ်အနီးတွင်နေထိုင်ကြပြီး ဘာသာစကားမှာကွဲပြားသော်လည်း ရှမ်းနှင့်နီးစပ်သည်။

မြန်မာစစ်တပ်များ ရှမ်းပြည်၊ဝနယ်ဒေသသို့ ဝင်ရောက်လာပြီး ဒေသခံလူမျိုးများအပေါ် ဖိနှိပ်မှုများရှိခဲ့သော်လည်း ‘ဝ’ လူမျိုးများသည် ကိုယ်တိုင်လကနက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် အသိမဝင်ကြသေးချေ။ ရှမ်းတော်လှန်ရေး စတင်သည့်အချိန်မှသာ လဝများသည် ရှမ်းတော်လှန်ရေးထဲတွင် ဝင်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဗ.က.ပ တပ်များ ‘ဝ’ နယ်မြေအတွင်းဝင်ရောက်လာသည့်အချိန်တွင် ဒေသခံများကို အဝတ်အစားစားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသဖြင့် လူအများစုသည် ဗ.က.ပ တပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဗ.က.ပ၏ ထောက်ပံ့မှုများရရှိကြသော်လည်း ဗ.က.ပ၏စစ်ရေးအစီအမံနှင့် စနစ်တို့သည် ၄င်းတို့နှင့်ကိုက်ညီမှုမရှိသဖြင့် ‘ဝ’ စစ်သားအချို့သည် ဗ.က.ပတပ်မှ ထွက်ပြေးကြပြီး ရန်သူ့စစ်တပ်အတွင်းသို့ ဝင်ရောက်သူရှိသလို၊ ရှမ်း(SSA)(SUA) တပ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်တပ်အတွင်းသို့ ဝင်ရောက်လာသော ‘ဝ’ တပ်သားများအား ငွေကြေးထောက်ပံ့ပေးပြီး စုံစမ်းထောက်လှမ်းရေးတွင် အသုံးပြုသောကြောင့် ‘ဝ’ လူမျိုးများထဲတွင် ထောက်လှမ်းရေးများရှိနေသဖြင့် ‘ဝ’လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြသည်အထိ ပဋိပက္ခများဖြစ်ခဲ့သည်။

ဗ.က.ပ တပ်မှ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် ‘ဝ’ စော်ဘွားအနွယ်မှ ဆင်းသက်လာသူ မဟာဆန်းနှင့် နောက်လိုက်တပ်သား (၆၀)ခန့်သည် SSA တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ မဟာဆန်းသည် သူ့၏ကာကွယ်ရေးတပ်သားဟောင်းများကို ပြန်လည်စုစည်းပြီးနောက် အင်အားများပြားလာသည့်အတွက် SSA ကလည်း ၄င်းတို့အား တပ်ရင်းတစ်ရင်းအဖြစ် စည်းရုံးဖွဲ့စည်းပေးခဲ့သည်။ SSA တပ်ထဲသို့ ဝင်ရောက်လာသော ‘ဝ’တပ်သားများကို SSA က ရှမ်းပြည်တောင်ပိုင်းနယ်မြေသို့ စေလွှတ်ပြီး လော်စစ်ဟန်၏ တပ်သားဟောင်းများဖြစ်ကြသော ကိုးကန့်တပ်များနှင့် ပူးပေါင်းစေခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တပ်အတွင်း ပဋိပက္ခများဖြစ်ပေါ်ပြီးနောက် ကိုးကန့်တပ်သားများသည် SSA ကိုပြန်လည်ဆန့်ကျင့်ခဲ့ကြသည်။ SSA ခေါင်းဆောင်များထဲတွင်လည်း သဘောထားကွဲလွဲမှုများရှိလာသဖြင့် ‘ဝ’ စစ်သားများသည် SSA နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့ဘဲ ၄င်းတို့ကိုယ်တိုင်ရပ်တည်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ကြသည်။

ဗ.က.ပ လက်အောက်ကနေ ဖုန်ကျားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ပထမဦးဆုံး ခွဲထွက်ခဲ့ပြီးနောက်၊ ဒုတိယအဖြစ် အတိအလင်းပုန်ကန် ခွဲထွက်လာသော အဖွဲ့သည် ‘ဝ’ အဖွဲ့ဖြစ်သည်။ ဗ.က.ပ လက်အောက်မှခွဲထွက်ပြီး ‘ဝ’ နယ်မြေအတွင်းရှိ ဗ.က.ပ ဌာနချုပ်တည်ရှိရာ ပန်ဆန်းဌာနချုပ်ကို သိမ်းပိုက်အောင်မြင့်ခဲ့သော ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာပင် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က မြန်မာပြည်သွေးစည်းညီညွတ်ရေးပါတီအမည်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး …………………………….

ဦးကျောက်နီလိုင် အထွေထွေအတွင်းရေးမှူး
ဦးဇော်မိုင်(ခ) ကျောက်မြင့် တွဲဘက်အထွေထွေအတွင်းရေးမှူး
ဦးပေါက်ယိုရှန်း(ပေါက်ယူချန်း) စစ်ဦးစီးချုပ်
ဦးလီစစ်ရူ ဒု စစ်ဦးစီးချုပ်
ဦးကျုံးခွန်ရှီး   စစ်ဦးစီးမှူး

ဆိုပြီး စတင်ဖွဲ့စည်းခဲ့သည်။

နောက်ပိုင်းတွင် ‘ဝ’ အဖွဲ့သည် မြန်မာပြည်သွေးစည်းညီညွတ်ရေးပါတီ အမည်ခံထားရာမှ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ UWSP၏ လက်နက်ကိုင်တပ်သည် “ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)” ဖြစ်သည်။

ဗ.က.ပ နှင့် အနှစ်(၂၀) ကျော်ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုးတက်မှုမရှိခြင်းကြောင့် ဗ.က.ပနှင့် လမ်းခွဲကာ တပ်မတော်နှင့် သင့်မြတ်စွာဆက်ဆံသွားမှာဖြစ်ကြောင်း၊ အစိုးရတပ်မတော်သားများသည် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မိမိတို့နယ်မြေအတွင်း သွားလာနိုင်ကြောင်း ၁၉၈၉ ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုသို့ ကြေညာပြီးနောက် န.ဝ.တ စစ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ အပစ်အခတ်ရပ်စဲမှုကို ၁၉၈၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သော ပထမဦးဆုံးအဖွဲ့ဖြစ်သည်။ ဝ အဖွဲ့သည် KIO၊ မွန်ပြည်သစ်ပါတီ၊ SSA (မြောက်ပိုင်း) စသော အစောပိုင်းကာလ အပစ်ရပ်အဖွဲ့တချို့အတူ စစ်အစိုးရကဦးဆောင် ပြုလုပ်သော အမျိုးသားညီလာခံအတွင်း လူမျိုးစုတိုင်းရင်းသားများ၏ အခွင့်အရေးများအတွက် ပူးပေါင်းအဆိုပြု တင်ပြ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အမျိုးသားညီလာခံအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရာတွင် စစ်အစိုးရဘက်က တဘက်သတ်တင်သွင်းလာသော အခြေခံရမည့်မူကြီး(၆)ချက်နှင့် အသေးစိတ်အခြေခံရမည့်မူ (၁၀၄)ကို ပြန်လည်ပြင်ဆင်ပေးရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း စစ်အစိုးရ၏ မျက်ကွယ်ပြုခြင်းကို ခံခဲ့ရသည်။

UWSP သည် မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး ဘိန်း၊ဘိန်းဖြူ၊ စိတ်ကြွဆေးများကို ကုန်သွယ်ရာတွင် အဓိကပါဝင်ပတ်သက်နေသူများဟု နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ရှုမြင်သုံးသပ်ကြသည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပခင် အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်အဖြစ် ပြုပြင်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံနိုင်ကြောင်း တုန့်ပြန်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ UWSP က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊မိုင်းမော၊ပန်ဝေ၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များဖြင့် ဖွဲ့စည်းထားပြီး ၄င်းဒေသများအနက် မိုင်းမော၊ပန်ဝိုင်း၊နားဖန်း၊ ပန်ဆန်းဒေသတို့သည် UWSP၏ ထိန်းချုပ်မှုအောက်တွင်ရှိသော်လည်း ဟိုပန်နှင့် မက်မန်းဒေသတို့သည် အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) လမ်းကြောင်းအရ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်လည်းကောင်း၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်းကောင်း သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

UWSP သည်  ၄င်းတို့၏ ဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် တိုင်းရင်းသား ညီလာခံကို (၂)ကြိမ်လက်ခံကျင်းပခဲ့သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့လည်း ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ်”အဖြစ် အသိအမှတ်ပြုပေးရန်အဆိုကို တင်သွင်းခဲ့သည်။ UWSP ကိုယ်စားလှယ်များသည် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြသော်လည်း မပြီးဆုံးမီမှာပင် ညီလာခံမှ ထွက်ခွာသွားခဲ့ကြသည်။ UWSP သည် တရုတ်နှင့် (နိုင်ငံရေး၊စီးပွားရေးနှစ်မျိုးလုံး) အရ နီးကပ်စွာ ဆက်ဆံလျှက်ရှိပြီး တရုတ်ဘာသာစကားကို ပါတီသုံးစကားအဖြစ်အသုံးပြုထားသည်။

UWSP/UWSA ၏ဌာနချုပ်သည် ပန်ခမ်း(ပန်ဆန်းဟု လူသိများ) တွင်တည်ရှိသည်။

–UWSP/UWSA ခေါင်းဆောင်များ

ပေါက်ယူချန်း ဥက္ကဋ္ဌ
ပေါက်ယူယီ ဒု ဥက္ကဋ္ဌ(၁)
ရှောက်မင်းလျှံ ဒု ဥက္ကဋ္ဌ (၂)
ပေါက်ယူချန်း စစ်ဦးစီးချုပ်
ကျောက်ကျုံးတန်း ဒု စစ်ဦးစီးချုပ်
ဦးကျော်မြင့်(ခ)လီကျူးလီ ပြောရေးဆိုခွင့်ရှိသူ
ကျောက်ကော်အန်း ပြင်ပဆက်ဆံရေးတာဝန်ခံ
ဆမ်ခွန် ဒု ပြင်ပဆက်ဆံရေးတာဝန်ခံ
လီကျောက်ကော် တရားကြီးချုပ်
ပေါက်ယူလျန် ဘဏ္ဍာရေးနှင့်စီးပွားရေးတာဝန်ခံ

တို့ဖြစ်သည်။

လှုပ်ရှားရာဒေသများ

 

ပန်ဆမ်း၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပန်နှင့် မိုင်းယောင်းဒေသတို့ဖြစ်သည်။

ဆက်ဆံရေးရုံးများ —-

၁။ လားရှိုး

၂။ တန့်ယန်း

၃။ ကျိုင်းတုံ

၎။ တာချီလိတ်

၅။ တောင်ကြီး

၆။ မန္တလေး

၇။ ရန်ကုန်

 

UWSP/ UWSA တွင် မြန်မာ-ထိုင်းနယ်စပ်တွင် တပ်ဖြန့်ထားသည့် တပ်မ(၅)ခုနှင့် တရုတ် – မြန်မာနယ်စပ်တွင် တပ်ဖြန့်ထားသည့် တပ်မ (၄)ခုရှိသည်။

ထိုင်းမြန်မာနယ်စပ်ရှိ တပ်မ များ—–

၁။ တပ်မ ၇၇၈

၂။ တပ်မ ၇၇၂

၃။ တပ်မ ၇၇၅

၎။ တပ်မ ၂၄၈

၅။ တပ်မ ၅၁၆

 

တရုတ် – မြန်မာနယ်စပ်ရှိ တပ်မ များ —-

၁။ တပ်မ ၃၁၈

၂။ တပ်မ ၄၁၈

၃။ တပ်မ ၄၆၈

၎။ တပ်မ ၆၁၈                              တို့ဖြစ်သည်။

Participation in the Peace Process

သဘောထားစာတမ်း

Liaison offices

  1. Lashio
  2. Tang Yang
  3. Keng Tung
  4. Tachileik
  5. Taung Gyi
  6. Mandalay
  7. Yangon

Contact

Website:
Facebook:
Email:
Phone: