|
WNO – Wa National Organisation
“ဝ” အမျိုးသားအစည်းအရုံး
အတိုကောက်အက္ခရာ – WNO
အဖွဲ့အစည်းအမျိုးအစား – နိုင်ငံရေးအဖွဲ့အစည်း
တည်နေရာ – ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ
ရည်ရွယ်ချက် – မြန်မာနိုင်ငံတွင် “ဝ” လူမျိုးတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး၊
တရားဝင် ဘာသာစကား – ဝ၊ မန်ဒရင်း (အနောက်တောင်ဘက်ခြမ်း) တရုတ်စကားနှင့် မြန်မာစကား
အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးချုပ် အိုက်ညွန့်
ဥက္ကဋ္ဌ (ယခင်) – မဟာဆန်း
ဒုတိယဥက္ကဋ္ဌ (၂ဝ၁၆ ထိ) – တာမဟာ(Ta Ma Ha)
စစ်ရေးအဖွဲ့အစည်း – “ဝ”အမျိုးသားတပ်မတော် (WNA – Wa National Army)
သမိုင်းကြောင်း
မူလကကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ၁၉၇၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် WNOအား WNA နှင့်အတူတကွ ဖွဲ့စည်းတည်ထောင်သည်။ ထို့နောက် ရှမ်းပြည်နယ်တပ်မတော် (SSA- Shan State Army) အပြင် ကိုးကန့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဘိန်းဘုရင် လော်စစ်ဟန်နှင့်လည်းပူးပေါင်းသည်။ WNOအဖွဲ့ကိုစော်ဘွားVingngun ၏ သားဖြစ်သူမဟာဆန်းကဦးဆောင်သည်။
၁၉၇၇ ခုနှစ်တွင် WNOသည် SSA နှင့် လမ်းခွဲပြီး မြန်မာ-တရုတ် နယ်စပ်အနီးတွင် လှုပ်ရှားနေသောဗိုလ်ချုပ် လီဝမ်းဟွန်(Li Wenhuan) ဦးဆောင်သည့် တပ်မဟာ (၃) နှင့် မဟာမိတ်ဖွဲ့သည်။ ၁၉၈၃ ခုနှစ်တွင် WNOသည် အမျိုးသားဒီမိုကရက်တစ်အင်အားစု (NDF – National Democratic Force) နှင့် တရားဝင် ပူးပေါင်းလိုက်သည်။ ထို့နောက် ၁၉၇၇ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ – SLORC) နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသည်။
WNO နှင့် မူးယစ်ဆေးဝါးဆက်စပ်မှု နောက်ခံ
WNOခေါင်းဆောင် မဟာဆန်းသည် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မူးယစ်ဆေးဝါးများကိုတရားမဝင် ရောင်းဝယ် ဖောက်ကားမှု၌ ပါဝင်သည်ဟုဆိုကာအဖမ်းခံရပြီးထိုင်းနိုင်ငံရှိအကျဉ်းထောင်ထဲမှာပင် သေဆုံးသွားခဲ့သည်။
WNO ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူTa Ma Haသည်လည်း ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်မူးယစ်ဆေးဝါးအများအပြားလက်ဝယ်တွေ့ရှိမှုနှင့်အတူအဖမ်းခံခဲ့ရဖူးသည်။ သို့သော် WNOအနေဖြင့် မူးယစ်ဆေးဝါးရောင်းချမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
|
WNO – Wa National Army
“ဝ” အမျိုးသားတပ်မတော်
စစ်ရေးအဖွဲ့အစည်း – “ဝ”အမျိုးသားတပ်မတော် (WNA – Wa National Army)
စစ်ရေးလှုပ်ရှားရာဒေသ – ထိုင်း-မြန်မာနယ်စပ်အနီးရှမ်းပြည်မြောက်ပိုင်း
သက်တမ်း – ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှ ယနေ့ထိ
ဋ္ဌာနချုပ်တည်ရာ – ဟိုမိန်းမြို့နယ်၊ ရှမ်းပြည်နယ်
စစ်သည်အင်အား – ၂ဝဝ
မူလစစ်ရေးကဏ္ဍ – ကာကွယ်ရေးတပ်ဖွဲ့
စစ်ရေးမဟာမိတ် – ကူမင်တန် (၁၉၈ဝ ဝန်းကျင်နှစ်များထိ) / SSA (၁၉၇၇ ခုနှစ်ထိ)
စစ်ပွဲများ – ပြည်တွင်းစစ်
၁၉၈ဝ ဝန်းကျင်နှစ်များတွင် WNAသည် ထိုင်းမြန်မာနယ်စပ်အနီးရှိရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ရေးလှုပ်ရှားနေခဲ့သည်။ သို့သော် ၁၉၈၉ ခုနှစ် မတိုင်မီအထိဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ထိန်းချုပ်မှု အောက်တွင်ရှိသောနယ်စပ်တောင်တန်းဒေသများအတွင်းဝင်ရောက်လှုပ်ရှားခြင်းမရှိခဲ့ပါ။ ၁၉၉၇ ခုနှစ်တွင် WNAသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။