Logo

Phone

(+95 9) 404253660

၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ဗေဒါအင်စတီကျူ့မှ မီဒီယာများနှင့် မြေပြင်အချက်အလက်များကို လေ့လာ၍ မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မိုင်းပေါက်ကွဲမှုစုစုပေါင်း ၆ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီး ၁ ဦးသေးဆုံးပြီး၊ အမျိုးသား ၇ ဦးနှင့် အမျိုးသမီ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇန်န၀ါရီလ အတွင်းတွင် လက်နက်ကို ပဋိပက္ခပေါင်း ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး

KIO/KIA တပ်မတော် ၆ ကြိမ်
RCSS/SSA တပ်မတော် ၅ ကြိမ်
SSPP/SSA တပ်မတော် ၁ ကြိမ်

ဖြစ်ပွားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်သော TNLA နှင့် RCSS/SSA တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အမည်မသိ အဖွဲ့ တစ်ဖွဲ့မှ အပြစ်မဲ့ ရွားသားများကို ပြစ်ခတ်မှု တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းလက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရှိကာ စုစုပေါင်း လူပေါင်း ၆၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည်။

မိုင်းပေါက်ကွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဇန်န၀ါရီလအတွင်းတွင်

သေဆုံး ၄ ဦး
ဒဏ်ရာရ ၁၆ ဦး
စစ်ဘေးရှောင် ၆၀၀၀ ဦးခန့်

ရှိခဲ့သည်။

ဖေဖော်ဝါရီလ အတွင်းတွင်း မိုင်းပေါက်ကွဲမှုပေါင်း ၁၃ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့သည်။ အမျိုးသား ၁၄ ဦး အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်စဉ် အားလုံးထဲမှ သေဆုံး၊ ဒဏ်ရာရ အများဆုံးမှ ၂၁.၂.၂၀၁၈ နေ့ တွင်ဖြစ်ပွားသော ရိုးမဘဏ်(လားရှိုး) တွင်ဖြစ်ပွားသော ပေါက်ကွဲမှုဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရလ အတွင်းတွင် လက်နက်ကို ပဋိပက္ခပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး

KI0/KIA တပ်မတော် ၅ ကြိမ်
TNLA တပ်မတော် ၁၆ ကြိမ်
Nothern Alliance တပ်မတော် ၆ ကြိမ်

 

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်သော KNU နှင့် NMSP တို့ တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့သည်။

အမည်မသိ အဖွဲ့ အပြစ်မဲ့ ရွားသားများကို ပြစ်ခတ်မှု ကြိမ် နှင့် တပ်မတော်အား ချောင်းမြောင်းပြစ်ခတ်မှု ၁ ကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းလက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ ဒဏ်ရာရှိကာ စုစုပေါင်း လူပေါင်း ၂၁၆၈ ခန့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည်။

မိုင်းပေါက်ကွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖေဖော်ဝါရီလ အတွင်းတွင်

သေဆုံး ၈ ဦး
ဒဏ်ရာရရှိသူ ၃၃ ဦး
စစ်ဘေးရှော ၂၁၆၈ ဦးခန့်

ရှိခဲ့သည်။

 

၂၀၁၈ မတ်လ အတွင်း မိုင်းပေါက်ကွဲမှုနှင့် မိုင်းရှာဖွေတွေ့ရှိမှု ၂၀ ကြိမ် ရှိခဲ့ပြီး မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ကျား ၃ ဦး၊ မ ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး၊ ကျား ၁၂ ဦး ကလေး ၁ ဦး စုစုပေါင်း ၁၃ ဦး ဒဏ်ရာရခဲ့သည်။

 

မတ်လအတွင်းတွင် လက်နက်ကိုင် ပဋိပက္ခပေါင်း ၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး

KIO/KIA တပ်မတော် ၁၀ ကြိမ်
TNLA တပ်မတော် ၇ ကြိမ်
KNU/KNLA တပ်မတော် ၉ ကြိမ်

 

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သော

TNLA RCSS/SSA ၃၅ ကြိမ်
KNU NMSP ၂ ကြိမ်

အမည်မသိအဖွဲ့အစည်းတစ်ခုမှ နွားသည်လာသောကားကို ပစ်ခတ်မှု ၂ ကြိမ်

တပ်မတော်မှ ကျေးရွာအတွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁ ကြိမ်

ထူးခြားဖြစ်စဉ်အနေဖြင့် ဒုက္ခသည်စခန်းမှ လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပြစ်လိုက်သည့် ဖြစ်စဉ် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

၂၀၁၈ မတ်လ အတွင်း စုစုပေါင်း တိုက်ပွဲ ၆၇ ကြိမ် ဖြစ်ပွားခဲပြီး ကျား ၁၄ ဦး မ ၁ ဦး စုစုပေါင် ၁၅ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရ စာရင်းမှာ ကျား ၁၂ ဦး မ ၂ ဦး စုစုပေါင်း ၁၄ ဒဏ်ရာရရှိခဲ့သည်။ လူဦးရေ စုစုပေါင်း ၃၅၃၄ ဦး စစ်ဘေးရှောင် ခဲ့ရသည်။ ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် အနီးအနားရှိ ရွာပေါင်း ၁၆ ရွာ အထိ စစ်ဘေးရှောင်ခဲ့ရသည်။

 

မတ်လအတွင်း ဖြစ်ပွားသော မိုင်ပေါက်ကွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်

သေဆုံး ၁၉ ဦး
ဒဏ်ရာရ ၂၈ ဦး
စစ်ဘေးရှောင် ၃၅၃၄ ဦး

 

ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလ အတွင်းတွင် မိုင်းပေါက်ကွဲမှုနှင့် မိုင်းရှာဖွေတွေ့ရှိမှု စုစုပေါင်း ၁၆ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမျိုးသား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဧပြီလအတွင်း လက်နက်ကိုင် ပဋိပက္ခစုစုပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး

KIA တပ်မတော် ၅၈ ကြိမ်
TNLA တပ်မတော် ၆ ကြိမ်
KNU တပ်မတော် ၃ ကြိမ်
SSPP တပ်မတော် ၁ ကြိမ်
AA တပ်မတော် ၁ ကြိမ်

 

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သော TNLA နှင့် RCSS/SSA တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။

 

April လ အတွင်းတွင် တိုက်ပွဲစုစုပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ နှစ်ဘက် တပ်ဖွဲ့ဝင်ပေါင်း ၈၉ ယောက်၊ အရပ်သား အမျိုးသား ၄ ဦး ကလေးငယ် တစ်ဦး စုစုပေါင်း ၉၅ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် ၂၃ ဦး၊ အရပ်သား အမျိုးသား ၇ ဦး အမျိုးသမီး ၁ စုစုပေါင်း ဒဏ်ရာရရှိသူ ၃၁ ဦး ရှိခဲ့သည်။ စစ်ဘေးရှောင်ဦးရေမှာ ၅၁၆၄ ဦး ခန့်ထိရှိခဲ့သည်။ KIA နှင့် တပ်မတော် တိုက်ပွဲများတွင် စစ်ဘေးရှောင် ဒုက္ခသည်များ ပိတ်မိနေခြင်းကို အချိန်မှီ ကယ်ထုတ်ခွင့် မရခြင်း၊ တိုက်ပွဲများ အရှိန်ပိုမို ပြင်ထန်နေခြင်း၊ တို့သည် စိုရိမ်ဖွယ် အခြေအနေဖြစ်သည်။ ယင်တိုက်ပွဲများတွင် ၂ ဘက်စလုံးမှ အကျအဆုံးများ ရှိသော်လည်း နှစ်ဘက် စလုံးမှ သေဆုံး ဒဏ်ရာရ စာရင်းများ ကို တရာဝင် ထုတ်ပြန်ခြင်း မရှိပေ။
TNLA နှင့် RCSS တိုက်ပွဲတွင် ဒေသအတွက် အရေးပါသော တံတား ၂ စင်းလုံး မီးရှို့ ဖျက်စီးမှုများသည်လည်း  အလွန်စိုးရိမ်ဖွယ်ကောင်းသော အခြေအနေများ ဖြစ်သည်ကို တွေ့ရှိရသည်။ ယင်းတံတားသည် ကျောက်မဲနှင့် ကွန်ကော်ကြား အဓိက ဆက်သွယ်ထားသော တံတာများ ဖြစ်ပြီး တံတားများ ပျက်စီးခဲ့သည့် အတွက် ဆက်သွယ်ရေး လမ်ကြောင်းများ ပျက်တောက်သွားခဲ့သည်။ ထို့အပြင် စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းလိုက်သည့် အတွက် စစ်ဘေးရှောင် ပြည်သူများမှာ ဒေသသို့ မပြန်နိုင်သောကြောင့် ကျောက်မဲမြို့ပေါ်တွင် နေအိမ်များ ငှားရမ်းနေထိုင်ရပြီး အလုပ်အကိုင် မရှိသောကြောင့် များစွာ အခက်အခဲ ရှိနေသည်။

ဧပြီလတွင် ဖြစ်ပွားသော မိုင်းပေါက်ကွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်

သေဆုံး ၉၄ ဦး
ဒဏ်ရာရ ၄၂ ဦး
စစ်ဘေးရှောင် ၅၁၆၄ ဦးခန့်

ရှိခဲ့သည်။

၂၀၁၈ မေလ အတွင်း မိုင်းပေါက်ကွဲမှုနှင့် မိုင်းရှာဖွေတွေ့ရှိမှု ၁၄ ကြိမ် ရှိခဲ့ပြီး မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ကျား ၂ ဦး သေဆုံးခဲ့ပြီး၊ ကျား ၇ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့သည်။

 

မေလအတွင်းတွင် လက်နက်ကိုင် ပဋိပက္ခပေါင်း ၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး

KIO/KIA တပ်မတော် ၁၆ ကြိမ်
TNLA တပ်မတော် ၁၈ ကြိမ်
AA တပ်မတော် ၆ ကြိမ်
NAB တပ်မတော် ၃ ကြိမ်
SSPP တပ်မတော် ၂ ကြိမ်
RCSS တပ်မတော် ၁ ကြိမ်

 

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သော

TNLA SSPP ၃ ကြိမ်

တပ်တွင်း ပစ်ခတ်မှု ၁ ကြိမ်

တပ်မတော်မှ အပြစ်မဲ့ပြည်သူအား မှားယွင်း ပစ်ခတ်မှု ၁ ကြိမ်

ဖြစ်ပွားခဲ့သည်။

၂၀၁၈ မေလ အတွင်း စုစုပေါင်း ပဋိပက္ခ ၅၁ ကြိမ် ဖြစ်ပွားခဲပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ၄၂ ဦး၊ အရပ်သား ကျား ၁၂ ဦး မ ၂ ဦး စုစုပေါင် ၅၆ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရ စာရင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃၇ ကျား ၁၉ ဦး မ ၃ ဦး၊ ကလေးငယ် ၁ ဦး စုစုပေါင်း ၆၀ ဒဏ်ရာရရှိခဲ့သည်။ လူဦးရေ စုစုပေါင်း ၅၆၀ ဦး စစ်ဘေးရှောင် ခဲ့ရသည်။

 

မေလအတွင်း ဖြစ်ပွားသော မိုင်ပေါက်ကွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်

သေဆုံး ၅၉ ဦး
ဒဏ်ရာရ ၇၃ ဦး
စစ်ဘေးရှောင် ၅၆၀ ဦး

 

ရှိခဲ့သည်။

၂၀၁၈ ဇန်န၀ါရီလမှ မေလ အထိ

မိုင်းပေါက်ကွဲမှုနှင့် ရှာဖွေတွေ့ရှိမှု ၇၁ ကြိမ်
တိုက်ပွဲစုစုပေါင်း ၂၂၆ ကြိမ်
သေဆုံးလူဦးရေ ၁၈၁ ဦး
ဒဏ်ရာရ လူဦးရေ ၁၉၂ ဦး
စစ်ဘေးရှောင် လူဦးရေ ၁၇၄၂၆ ဦးခန့်

ရှိခဲ့သည်။

လအလိုက်အချက်လက်များမှာ….