Logo

Phone

(+95 9) 404253660

အမည်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်

၁။ ဤအဖွဲ့အစည်းကို ဗေဒါအင်စတီကျု့ (BAYDA Institute) ဟုခ်ါဆိုရမည်။

၂။ ဗေဒါသည် ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာထဲမှ ဗေဒါပန်းကို ရည်ညွှန်းပြီး လွတ်လပ်ခွင့် (Freedom)၊ တရားမျှတမှု (Justice)၊ တန်းတူညီမျှမှု (Equality)၊ အမှန်တရား (Truth) အတွက် ရုန်းကန်တိုက်ပွဲဝင်ခြင်း အဓိပ္ပါယ်ကို ရည်ညွှန်းသည်။

၃။ BAYDA ၏ အနက်အဓိပ္ပါယ်မှာ BRAVE and ACTIVE FORCE for DEMOCRATIC ATMOSPHERE ဒီမိုကရက်တစ်ပတ်ဝန်းကျင်အတွက် ရဲရင့်၍ တက်ကြွသောသောအင်အားစုဟု အဓိပ္ပါယ်ရသည်။

၎။ ဗေဒါအင်စတီကျု့ ၏ အမှတ်တံဆိပ် (BAYDA Institute’s Logo) သည် ဒေါ်အောင်ဆန်းစုကြည် ဗေဒါပန်း ပန်ဆင်နေပုံဖြစ်သည်။

၅။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားကြိုးပမ်းမှု၏ အမှတ်သင်္ကေတဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗေဒါပန်းနှင့် တင်စားပြောဆိုကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗေဒါပန်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားကြိုးပမ်းမှု၏ အမှတ်သင်္ကေတဖြစ်သည်။

၆။ ဗေဒါအင်စတီကျု့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အစိုးရလက်အောက်ခံ မဟုတ်သော အဖွဲ့အစည်း (Non Governmental Organization) ဖြစ်သည်။

 

အနာဂါတ်မျှော်မှန်းချက်(Vision)

Our Motto: To A Society of Conscience

ဗေဒါအင်စတီကျု့ (BAYDA Institute) ၏ ဆောင်ပုဒ်း       ပညာထွန်းကားသော လူ့အဖွဲ့အစည်းဆီသို့

၁။ မြန်မာနိုင်ငံတော်ကို ပညာထွန်းကားသော လူ့အဖွဲ့အစည်း (Society of Conscience) အဖြစ် အသွင်ကူး ပြောင်းရန်။

၂။ မြန်မာနိုင်ငံတော်ကို ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း (Open Society) အဖြစ် အသွင်ကူးပြောင်းရန်။

၃။ မြန်မာနိုင်ငံတော်ကို ပြည်သူလူထုအများစုဆန္ဒ လွှမ်းမိုးပြီး၊ လူနည်းစု၏ အခွင့်အရေးကို ကာကွယ်ပေးသော လူ့အဖွဲ့အစည်း (Democratic Society) အဖြစ် အသွင်ကူးပြောင်းရန်။

 

ရည်ရွယ်ချက်

ဗေဒါအင်စတီကျု့သည် မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဝိုင်ဝန်းအားပေးရန်၊ ကူညီဆောင် ရွက်ရန်၊ ပါဝင်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ၀ိုင်းဝန်းမြှင့်တင်ပေးရန် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်။

 

လမ်းစဉ်များ(Mission)

၁။ ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ လူငယ်များကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စိတ်ဓာတ် (Value)၊ အသိဥာဏ်ပညာ (Knowledge)နှင့် လုပ်ကိုင်နိုင်မှုစွမ်းရည် (Skill) တို့ကို မြှင့်တင်ပေးခြင်း (Awareness Racing and Capacity Building)။

၂။ ရည်မှန်းချက်၊ ဦးတည်ချက်တူညီသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကူညီအားပေးခြင်း (Facilitation and Networking)။

၃။ ပြည်သူလူထု၏ အကျိုးစီးပွား၊ ဒီမိုကရေစီစံချိန်စံညွှန်းများကို ကာကွယ်မြှင့်တင်ခြင်း၊ (Public Meeting and Campaign)။